Wednesday 25 March 2015

ဓားဒဏ်ရာ ခုနစ်ချက်ဖြင့် သေဆုံးနေသည့် အမျိုးသမီးအမှု တစ်လကျော်သည်အထိ တရားခံမမိသေး


ရှမ်းပြည်နယ် အရှေ့ ပိုင်း တာချီလိတ်မြို့တွင် ဖေဖော် ၀ါရီ ၂၃ ရက် နေ့လယ် ၃ နာရီခန့် က အသက် (၄၇) နှစ်အရွယ် အမျိုး သမီးတစ်ဦး ဓားဒဏ်ရာခုနစ်ချက်ဖြင့် သတ်ဖြတ်ခံရမှုတွင် တရားခံ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သတင်းရရှိသည်။
သေဆုံးသူအမျိုးသမီးမှာ တာချီလိတ်မြို့နယ် ၀ိန်းကျောက် ရပ်ကွက် အာခါလမ်းတွင် ရှမ်း ခေါက်ဆွဲဆိုင်ဖွင့်လှစ်ထားသူဖြစ် ပြီး တစ်ဦးတည်းနေထိုင်သူဖြစ် သည်။ ၎င်းအသတ်ခံရမှု တစ်လ ပြည့်သည့်တိုင် တရားခံ ဖမ်းဆီး နိုင်ခြင်းမရှိသေးကြောင်း တာချီ လိတ်ရဲစခန်းမှ တာဝန်ကျရဲ အရာရှိကပြောကြားသည်။

‘‘အမှုကတော့ တစ်လကျော် လာပြီ။ ကျွန်တော်တို့လည်း စုံစမ်းစစ်ဆေးနေပါတယ်။ ဒီမှာလည်း တာဝန်ကျအရာရှိတွေက အ ပြောင်းအလဲရှိပါတယ်။ တရားခံ ကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ကို လည်း ဆောင်ရွက်နေပါတယ်’’ဟု ၎င်းကပြောသည်။
သေဆုံးသူ အမျိုးသမီးမှာ အသက် (၄၇) နှစ်အရွယ် ဒေါ် ယေ့တောင်းဖြစ်ပြီး ၀မ်းဗိုက်နှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ် ရာများဖြင့် သေဆုံးနေခြင်းဖြစ် သည်။ ယခုနှစ်အတွင်း တာချီလိတ်မြို့၌ ဓားဖြင့် အသတ်ခံရမှုမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း တာချီလိတ်မြို့တွင် နေထိုင်သူ ဦးခင်မောင်ထွန်းက ပြောကြား သည်။
‘‘တာချီလိတ်မြို့မှာ ဓားနဲ့ ထိုးလို့သေတာဆိုရင် နှစ်လပိုင်း ၁၆ ရက်နေ့ကပဲ ဓားထိုးခံရလို့ အမျိုးသားတစ်ဦးသေသွားသေး တယ်။ အဲဒီတရားခံလည်း လိုက် ဖမ်းနေတုန်းပဲ။ သူလည်း ခုနစ် ချက်ပဲ အထိုးခံရတာ။ တရားခံကို လည်း ခုချိန်ထိ မမိသေးဘူးလို့ ကြားပါတယ်’’ဟု ၎င်းကပြော သည်။
ထွက်ပြေးတိမ်းရှောင်နေ သော တရားခံကို တာချီလိတ်ရဲစ ခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု တာချီလိတ်မြို့မရဲစခန်း မှ အမှုစစ် အရာရှိကပြောသည်။
7Day

No comments:

Post a Comment