Wednesday 25 March 2015

အကြမ်းဖက်ဖြိုခွင်းခံရ၍ ကျောင်းသားများက တာဝန်ရှိသူများကို ပြန်လည်တရားစွဲရန် စီစဉ်


လက်ပံတန်းမြို့တွင် ပင်မကျောင်း သားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့များ က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းအပေါ်တာဝန်ရှိသူများကို ကျောင်းသားများက မတ်လ ၂၅ ရက် ရုံးထုတ်ချိန်တွင် ပြန်လည်တရားစွဲဆိုရန် စီစဉ်ထားကြောင်း ကျောင်းသားခေါင်းဆောင်မဖြိုးဖြိုးအောင်က ပြောကြားခဲ့သည်ဟု ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့်၎င်း၏ မိခင်ကပြောသည်။
သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်း သားနှင့် ၀န်းရံသူများကို မတ်လ ၁၉ ရက် ညနေပိုင်းမှစတင်၍ ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိခဲ့ပြီး မတ်လ ၂၀ ရက်တွင် ကျောင်း သားခေါင်းဆောင် ကိုမင်းသွေး သစ်၏ မိဘများ၊ မဖြိုးဖြိုးအောင် ၏ မိဘနှစ်ဦးအပါအ၀င် ကျောင်း သားနှင့် ၀န်းရံသူများ၏ မိဘအချို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။

‘‘သူတို့အေးအေးဆေးဆေး အဖမ်းခံမယ်ပြောတာကို ရိုက် တယ်။ အချုပ်ကားပေါ်မှာ ရိုင်း ရိုင်းစိုင်းစိုင်းတွေ ဆဲဆိုတယ်။ အဲ ဒီလိုရိုက်ဖို့ ဖမ်းဖို့ ဘယ်သူအမိန့် ပေးတာလဲဆိုတာ သိချင်တယ်။ နောက်ပြီး သူတို့ကို မတ်လ ၂၅ ရက်နေ့ ရုံးထုတ်တဲ့အခါမှာ တရား ခံဘက်က ရှေ့နေပါမှ အစစ်ခံ မယ်။ အဲဒီမှာ သူတို့ကို တရားစွဲတဲ့ သူကို ကျောင်းသားတွေဘက်က ပြန်ပြီး တရားစွဲဖို့ စီစဉ်နေတယ်လို့ ဖြိုးဖြိုးက ပြောလိုက်တယ်’’ဟု ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သည့် မဖြိုးဖြိုးအောင်၏ မိခင် ဒေါ်သန္တာကပြောသည်။
ထောင်ဝင်စာ တွေ့ဆုံရာ တွင် တွေ့ဆုံရသည့် အခန်းကို သံဆန်ခါ နှစ်ထပ်နှင့် မှန်ကို အလယ်၌ ကာထားပြီးပြောဆို နေသည့် စကားများကို ထောင်ဝန်ထမ်းများက စောင့်ကြည့် မှတ်တမ်းယူနေသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ‘‘ကျွန်တော်ကတော့ ထောင် ၀င်စာသွားတွေ့တဲ့အထဲမှာ မပါ ဘူး။ သူ့မိဘတွေပဲပါတယ်။ အခု လို တရားစွဲမယ်ဆိုတာ လုပ်ပိုင် ခွင့်ရှိတဲ့အနေနဲ့ လုပ်ရပါမယ်။ ဖမ်းဆီးပြီးမှကို အငြိုးတကြီးနဲ့ ရိုက်တာ။ သူ့တစ်ယောက်တည်းအ တွက် မဟုတ်ဘူး။ ကျောင်းသား တွေကိုယ်စားစွဲမှာပါ။ ရဲမေတွေ က တရားရုံးထုတ်တော့လည်း ကားပေါ်ကနေ အောက်မှာလာတွေ့တဲ့ ကျောင်းသားမိဘတွေကို သူ တို့ကိုပါ ဖမ်းပြီးတော့ ရိုက်ပြီး ကားပေါ်ဆွဲတင်လိုက်မယ်ဆိုပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းပြောတာရှိတယ်။ အဲဒါကြောင့် တရားစွဲမှာပါ’’ဟု မဖြိုးဖြိုးအောင်၏ ခင်ပွန်းကို လင်းထက်နိုင်ကပြောသည်။
ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မ သပိတ်စစ်ကြောင်းအား လက်ပံ တန်းမြို့၌ အာဏာပိုင်များက အ ကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျောင်း သားနှင့် ၀န်းရံသူ ၁၂၇ ဦး ဖမ်းဆီးကာ မတ်လ ၁၁ ရက် ညနေ ၄ နာရီတွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်၍ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၃၂၊ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခဲ့ကာ မတ်လ ၂၅ ရက်သို့ ရုံးချိန်းပေးခဲ့သည်။
အဆိုပါဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ပြည်သူများ ကို တရားရုံးတွင် မြန်မာနိုင်ငံ ရှေ့ နေကွန်ရက်မှ ရှေ့နေများက ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြော သည်။
ဖမ်းဆီးခံရသည့် ကျောင်း သားများထဲမှ တက္ကသိုလ်သို့အမှန် တကယ် တက်ရောက်နေသော ကျောင်းသားများကို ပြန်လွှတ် ပေးရန် စီစဉ်ခဲ့ပြီး မတ်လ ၁၂ ရက် တွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးနှင့် မတ်လ ၁၃ ရက် ကျောင်းသား၊ ကျောင်းသူ ၉ ဦး၊ သတင်းထောက် ၂ ဦး၊ မတ်လ ၁၄ ရက်တွင် ကျောင်းသားတစ်ဦး နှင့် မတ်လ ၁၇ ရက်တွင် ကျောင်း သားတစ်ဦး၊ စုစုပေါင်း ၂၉ ဦးအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး သာယာဝတီထောင်အတွင်း ကျောင်းသားနှင့် ၀န်းရံသူ ၉၈ ဦး ကျန်ရှိနေသေးကြောင်းသတင်းရရှိသည်။
7Day

No comments:

Post a Comment