Wednesday 25 March 2015
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာများ ပြည်ခိုင်ဖြိုး မွေးထုတ်ပြီ
လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီက ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာ သင်တန်းကို နေပြည်တော်ရှိ ပါတီ ဌာနရုံးချုပ်တွင် စတင်ဖွင့်လှစ်နေ ပြီး သင်တန်းဆင်းများက တစ်အိမ် တက်ဆင်း စာရင်းများလိုက်လံ ကောက်ယူမှုကို ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ က မြို့နယ်အဆင့်ရှိ ပါတီဝင် ၁၆၅ ဦးကို ဌာနချုပ်သင်တန်းကျောင်း က သင်တန်းများပေးပြီးနောက် လက်ရှိတွင် သင်တန်းဆင်းများက ယင်းကဲ့သို့ဆောင်ရွက်နေခြင်း ဖြစ် သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များအရ ရွေးကောက်ပွဲ မကျင်းပမီ ရက်ပေါင်း ၆ဝ အတွင်း၌သာ မဲဆွယ်စည်းရုံးရမည်ဖြစ်ရာ ယခု ကာလသည် မဲဆွယ်စည်းရုံးရမည့် အချိန်မဟုတ်သေးကြောင်း နိုင်ငံ ရေးပါတီအချို့က ဆိုကြသည်။
အမျိုးသား ဒီမိုကရေစီပါတီ သစ်ရုံးအဖွဲ့မှူးက ''ဒီအချိန်က မဲ ဆွယ်လို့ မရပါဘူး'' ဟု ပြောသည်။
သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီ သင်တန်းဆင်းများကမူ တစ်အိမ် တက်ဆင်းလုပ်ပြီး မဲဆွယ်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူတို့၏ လိုလား ချက်အမှန်ကိုသိရှိရန် စာရင်း ကောက်ယူခြင်းသာဖြစ်သည်ဟု ပြောကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်နန်းခင်ထွေး မြင့်က ¤င်းတို့ ပါတီအနေဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက် သွားမည်ဖြစ်သဖြင့် မဲဆွယ်စည်းရုံး မှုများကို ရွေးကောက်ပွဲ ကော်မရှင် ၏ ခွင့်ပြုကာလမှသာ ဆောင်ရွက် မည်ဖြစ်ပြီးလက်ရှိကာလတွင်မူ စည်းရုံးရေးနှင့်ပတ်သက်၍ ဘာမှ မလုပ်ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မြို့ နယ်အချို့တွင်မူ အစိမ်းဆိုလျှင် ပြည်ခိုင်ဖြိုး ပါတီဟုပြောကာ ထို နေရာကို ထည့်သင့်ကြောင်း စည်း ရုံးမှုများပြုလုပ်နေသည်ဟုသတင်း ရရှိသည်။
PN-051
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment