Thursday 3 December 2015

ကာလီဖိုးနီးယားပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွားရာတွင် အရပ်သား ၁၄ ဦးသေဆုံး ၁၇ ဦးဒဏ်ရာရ

ကာလီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ရှိ မသန်းစွမ်းသူများ စင်တာတစ်ခုအတွင် သေနတ်သမား ၃ ဦး ၀င်ရောက် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအနေဖြင့် ကွန်ဂရက်လွှတ်တော်တွင် ပိုမိုခိုင်မာသော လက်နက်ထိန်းချုပ်ရေး အစီအစဉ်များကို ချမှတ်နိုင်ရန် တိုက်တွန်းနေချိန်တွင် အမေရိကန်ပြည်ထောင်စုအတွင်း ဆက်တိုက်ဖြစ်ပွားလာသော ပစ်ခတ်တိုက်ခိုက်မှုတွင် လူသေဆုံးမှု အများဆုံး ဖြစ်သည်။
အခင်းဖြစ်ပွားရာ နေရာ တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးကြောင်း ဆန်ဘာနာဒီနို မြို့ ရဲမှူးကြီး ဂျရော့ ဘာဂွန် က သတင်းစာရှင်းလင်းပွဲတွင် ကြေညာသည်။ လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုလူသည် မည်သည့်အဖွဲ့ဝင် အဖြစ် ပါဝင်သည်ဆိုခြင်းကို မသိရှိသေးကြောင်း သိရသည်။

Ref : CNA
Democracy today

No comments:

Post a Comment