Thursday 3 December 2015

တိုင်းနှင့် ပြည်နယ် ဆယ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်၍ တောင်သူများ သတိပြုရန်လို

တိုင်းဒေသကြီးနှင့် ပြည် နယ် ဆယ်ခုတွင် ဒီဇင်ဘာ ၃ ရက် မှ ၅ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်သည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပြီး ရိတ် သိမ်းဆဲသီးနှံများ မပျက်စီးရေးအ တွက် အမိုးအကာအောက် အ ချိန်မီပို့ဆောင်ထားရန် လိုအပ် သည်ဟု စိုက်ပျိုးရေးပညာရှင်အ ချို့က သတိပေးသည်။

ဘင်္ဂလားပင်လယ်အော် ဘက်မှ ရွေ့လာသော လေနွေး များနှင့် တရုတ်နိုင်ငံဘက်မှ ရွေ့ လာသော လေအေးများဆုံကာ မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာန  ညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးက ပြောသည်။

မိုးရွာနိုင်သည်ဟု သတိပေးထားသည့် ဒေသများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ရှမ်း၊ မွန်၊ ကယားနှင့် ရခိုင်ပြည် နယ်တို့ ဖြစ်သည်။

‘‘ဆောင်းကာလရောက်နေ ပေမယ့် လက်ရှိ ရာသီဥတုအခြေ အနေအရ ဒေသဆယ်ခုမှာ အချိန် အခါမဟုတ် မိုးရွာဖို့ ရှိနေတယ်။ တောင်သူတွေဆီ သတင်းရောက် အောင်လည်း သက်ဆိုင်ရာဝန် ကြီးဌာနတွေကတစ်ဆင့် သတင်း ပေးပို့ထားသလို ရေဒီယိုတွေ၊ ရုပ် သံတွေကလည်း သတိပေးနေပါ တယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

စိုက်ပျိုးရေးပညာရှင် ဒေါက် တာစိုးလွင်က လက်ရှိအချိန်သည် ဒေသအများစု၌ ဆောင်းသီးနှံ ရော စပါးပါ ရိတ်သိမ်းနေချိန်ဖြစ် သောကြောင့် မိုးမိပါက သီးနှံများ ပျက်စီးမှုနှင့် အထွက်လျော့နိုင် သည့် ပြဿနာများ သတိထားရန် လိုသည်ဟု အကြံပြုသည်။

နေပြည်တော် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေး ပညာပေးဌာန ဦးစီးအရာရှိက အ ချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးထားသည့် ဒေသများရှိ စိုက်ပျိုးရေးဝန်ထမ်းများမှတစ် ဆင့် တောင်သူများ၏ ရိတ်သိမ်း ဆဲနှင့် ခြွေလှေ့သီးနှံများ အမိုးအ ကာအောက် အမြန်ဆုံးပို့ဆောင် ထားရန် ညွှန်ကြားထားသည်ဟု ပြောသည်။

7Day Daily 

No comments:

Post a Comment