Thursday 3 December 2015

ပါလီမန်မှ မဲခွဲဆုံးဖြတ်ခဲ့ပြီးသည့်နောက် ဆိုက်ပရက်စ်လေတပ်စခန်းမှ ဗြိတိန် ဗုံးကြဲလေယာဉ်များ ထွက်ခွာ

ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ရန် ပါလီမန်မှ မဲခွဲဆုံးဖြတ်ခဲ့ပြီးသည့် အချိန်ပိုင်းအတွင်းမှာပင် ကြာသပတေးနေ့ မနက်ပိုင်း၌ ဆိုင်ပရက်စ်ရှိ RAF အက်ရိုတီရီ မှတဆင့် ဗြိတိန် တိုက်လေယာဉ်များ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေတပ်အခြေစိုက်စခန်းမှ တစ်နာရီအတွင်း ဂျက်လေယာဉ် လေးစင်း ထွက်ခွာသွားခဲ့သည်။
အဆိုပါလေယာဉ်များသည် မည်သည့်နေရာကို ဦးတည်နေသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ဗြိတိန် အာဏာပိုင်များထံမှ မှတ်ချက်ပေးမှု တစ်စုံတစ်ရာ မရရှိသေးပေ။ RAF အက်ရိုတီရီ ကို လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက အီရတ်နိုင်ငံရှိ အိုင်အက်စ် ပစ်မှတ်များ ကိုတိုက်ခိုက်ရာတွင် လေယာဉ်များ ပစ်လွှတ်ရာ နေရာအဖြစ် အသုံးပြုခဲ့သည်။

အချိန် ၁၀ နာရီကျော်ကြာ ဆွေးနွေးငြင်းခုံခဲ့ပြီးသည့်နောက် ဗြိတိန်ပါလီမန် အမတ်များထံမှ ထောက်ခံမဲ ၃၉၇ မဲ ကန့်ကွက်မဲ ၂၂၃ မဲရရှိကာ လေကြောင်းတိုက်ခိုက်မှုများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Ref : CNA
Democracy today

No comments:

Post a Comment