Thursday 3 December 2015

နယ်စပ်ဖြတ်ကျော်ဓားပြမှုနှင့် မူးယစ်ကုန်သွယ်မှုများ ပူးပေါင်းနှိမ်နင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်လုံ ခြုံရေးအတွက် မကြာခဏပြုလုပ် နေကျဖြစ်သည့် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအ ရာရှိများ အစည်းအဝေးကို ဒီဇင် ဘာ ၁ ရက်က မောင်တောနယ် စပ်ရှိ ကုန်သည်များအသင်းရုံး ဒေဝါနဒီခန်းမတွင် ပြုလုပ်ခဲ့သည်။
နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဖြတ် ကျော်ဓားပြတိုက်နေမှုများကို ပူးပေါင်းနှိမ်နင်းရေး၊ အချင်းချင်း သတင်းဖလှယ်ရေး၊ နယ်စပ်ဖြတ် ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု ပပျောက်ရေးနှင့် တောတွင်းလက် နက်ကိုင်အဖွဲ့ကိစ္စများ ဆွေးနွေးခဲ့ ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံအစည်းအဝေးသို့ မောင်တောနယ်စပ်အခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ် ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုဦးဆောင် သည့် အဖွဲ့ဝင် ၂၀ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့ဘဇားတပ်နယ်မှူး တပ်မှူး ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အဖွဲ့ဝင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံနယ်စပ်လုံခြုံရေးအရာရှိများ အစည်းအဝေးကို ၂၀၁၄ ဇွန်လ ၁၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရှိ အိုးရှင်းပါရာဒိ့စ် ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ခြောက် လလျှင် တစ်ကြိမ်ခန့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အပြန်အလှန်သွားရောက်ကာ အစည်းအဝေး ကျင်းပကြကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment