Thursday 3 December 2015

အကောင်းဆုံးညနေခင်းဝတ်စုံဆု ဆွတ်ခူးသွားတဲ့ မြန်မာအလှမယ် Lဘောက်နူး

ပိုလန်နိုင်ငံတွင် ပြုလုပ် နေသော Miss Supranational 2015    ပြိုင်ပွဲ၌   မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် Lဘောက် နူးက အကောင်းဆုံးညနေခင်း ဝတ်စုံဆု ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်များ ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး နောက်ဆုံးအ ဆင့်တွင် ဖိလစ်ပိုင် ဗီယက်နမ် နိုင်ငံများမှ    အလှမယ်များကို ကျော်ဖြတ်၍ မြန်မာအလှမယ်က ဆုရရှိခဲ့ခြင်းဖြစ်သည်။

‘‘ဒီဝတ်စုံလေးရအောင် အ ကြံဉာဏ်ပေးခဲ့တဲ့ ဆရာဝေယံ အောင်နဲ့ ဆရာဟန်ဇော်လတ်၊ နောက်တန်းကနေ ဆုတောင်းကူ ညီပေးနေတဲ့ မိသားစုဝင်များနဲ့ သူငယ်ချင်များ၊ အားပေးနေကြ တဲ့ မိဘညီအစ်ကိုမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှိ ပါတယ်။ ဆက်လက်ပြီးတော့ လည်း ဆုတောင်းကူညီပေးကြပါ နော်’’ဟု အလှမယ် Lဘောက်နူး က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

ဆုရရှိခဲ့သည့် ဝတ်စုံကို ဒီဇိုင် နာရှီလာက ဖန်တီးပေးထားခြင်း ဖြစ်ပြီး အဖြူရောင်ပိတ်စပေါ်တွင် မှန်ကူကွက်ပုံစံ မှန်ချပ်များအသုံး ပြု၍ ကိုယ်တိုင်ဟန်းမိတ်ဒီဇိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအလှမယ်များ ၏ ညနေခင်းဝတ်စုံများကို ခင်ဝင့် ဝါ သွားရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲမှစ၍ ဖန်တီးပေးခဲ့ခြင်းဖြစ် ပြီး ယခုဝတ်စုံသည် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပထမဆုံးရရှိသည့် ဆုဖြစ်ကြောင်း ဒီဇိုင်နာရှီလာက ပြောသည်။

အလှမယ် Lဘောက်နူးသည် Miss Supranational ပြိုင်ပွဲ၏ Miss Internet ဆုအတွက်လည်း လက်ရှိ ဒီဇင်ဘာ ၂ ရက်အထိ မဲအရေအတွက် အများဆုံးရရှိ သည် ဆန်ခါတင် ၂၀ တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ အလှမယ်များ အနေဖြင့် ပြီးခဲ့သည့် ၂ နှစ်က လည်း Miss Supranational ပြိုင် ပွဲတွင် အင်တာနက်ဆုရရှိခဲ့သော ကြောင့် ၎င်းအလှည့်တွင်လည်း ဆုရရှိလိုကြောင်း Lဘောက်နူးက ပြောကြားသည်။

Miss Supranational 2015 ပြိုင်ပွဲကို ပိုလန်နိုင်ငံက အိမ်ရှင် အဖြစ် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင် ဘာ ၄ ရက်အထိ ကျင်းပလျက်ရှိ ပြီး နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ် စားပြုအလှမယ်များ ယှဉ်ပြိုင် လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် Miss Supranational ပြိုင်ပွဲသို့ ၂၀၁၃ တွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ၌ ခင်ဝင့်ဝါ၊ ၂၀၁၄ တွင် ဟန်သီတို့ က မြန်မာနိုင်ငံ ကိုယ်စားပြုအလှ မယ်များအဖြစ် သွားရောက်ယှဉ် ပြိုင်ခဲ့သည်။

7Day Daily 

No comments:

Post a Comment