Thursday 3 December 2015

မော်တော်ယာဉ်နည်းဥပဒေပြဋ္ဌာန်းရန် အဆင့်သုံးဆင့်သာကျန်

ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိမည့် မော်တော်ယာဉ်ဥပ ဒေ၏ နည်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အဆင့်သုံးဆင့်သာ ကျန်ရှိတော့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပြန်ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြောသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲ ထားသည့် မော်တော်ယာဉ်ဥပဒေ အသစ်အတွက် လိုအပ်သည့် နည်းဥပဒေမူကြမ်းကို အကြံပြုခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန် ၀န်ကြီးဌာနများနှင့် အသင်းအဖွဲ့များ ထံပေးပို့ထားရာ ၎င်းတို့၏ အကြံပြုချက်များကို ပြန်လည်ဖြည့်စွက် ပြီး လွှတ်တော်ရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတရုံးတို့ကို ပေးပို့ ၍ ယခုနှစ်ကုန်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ရည်ရွယ်ထား ကြောင်း ဦးလျန်ကျင့်မန်က ဆို သည်။

‘‘၀န်ကြီးဌာနတွေ၊ အသင်းအအဖွဲ့တွေကနေ တရားဥပဒေနဲ့ ညီတဲ့ အကြံပြုချက်တွေဆို ထည့် သွင်းဖြည့်စွက်ပေးထားပါတယ်။ တရားဥပဒေနဲ့ အညီ မဟုတ်တာ တွေကိုတော့ မထည့်သွင်းပါဘူး’’ ဟု ၎င်းက ဒီဇင်ဘာ ၂ ရက်၌ 7Day Daily အား ပြောကြားသည်။

အဆိုပါနည်းဥပဒေတွင် ထပ်မံဖြည့်စွက်အကြံပြုလိုသည် များကို မော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း၊ အင်ဂျင်နီယာအသင်း၊ ကုန်သည် စက်မှုအသင်းချုပ်များအပါအ၀င် ၀န်ကြီးဌာနပေါင်း ၃၀ ကျော်၊ အ သင်းအဖွဲ့ ၂၂ ဖွဲ့သို့ ပေးပို့ခဲ့ပြီး အကြံပြုချက်များတောင်းခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥပဒေသစ်တွင် တင်သွင်းမှုပုံစံကို ၀န်ကြီးဌာနများက ပြောင်းလဲကိုင်တွယ်မည်ဆိုခြင်း၊ ကားအရောင်းအ၀ယ်ပြုလုပ်သူ များ လုပ်ငန်းလိုင်စင်လုပ်ရမည် ဆိုခြင်း၊ ဘယ်မောင်းယာဉ်များသာ တင်သွင်းရမည်ဆိုခြင်း၊ ယာဉ် အမည်ပေါက်ကို ရောင်းချပြီး ရက်ပေါင်း ၉၀ အတွင်း ပြောင်းလဲခြင်း မရှိပါက ဒဏ်ငွေဆောင်ရမည်ဆို ခြင်း၊ SKD CKD မော်တော်ယာဉ် ထုတ်လုပ်မှုပုံစံများကို အဆင့်ခွဲ ခြားသတ်မှတ်ခြင်းများ ပါဝင်လာ သည်။

နည်းဥပဒေမထွက်မီ စက် တင်ဘာ ၈ ရက်က ပြဋ္ဌာန်းသော မော်တော်ယာဉ်ဥပဒေတွင် ပြင်း ထန်သည့် ပြစ်ဒဏ်များနှင့် မူဝါဒ သစ်များ ပါဝင်လာ၍ နည်းဥပဒေ ထွက်ပေါ်လာပါက မော်တော် ယာဉ်တင်သွင်း ထုတ်လုပ်ရောင်း ချမှု၌ ပုံစံများပြောင်းလဲလာမည် ကို စိုးရိမ်နေကြသည်။
7 day

No comments:

Post a Comment