Thursday 3 December 2015

လာမည့် သြဂုတ်လတွင် ဖွင့်လှစ်မည့် မန္တလေး ကျောက်မျက်ဈေးသစ်ဆိုင်ခန်းများ စတင်ရောင်းချ

ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတစ်နေရာ (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမူ ကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်ကားလမ်းဘေးတွင် တည် ဆောက်နေသည့် နိုင်ငံတကာ အဆင့်မြင့် ကျောက်စိမ်းနှင့်တွင်း ထွက်ကျောက်မျက်ရတနာ ဈေး ကို ၂၀၁၆ သြဂုတ်၌ စတင်ဖွင့်လှစ် မည်ဟု သတင်းရရှိသည်။
ကျောက်မျက်ဈေးသစ်ကို ဆင်ရွာမြင်းမူကျေးရွာအတွင်းရှိ မြေဧက ၃၀ ကျော်ပေါ်တွင် ၂၀၁၂ က စတင်တည်ဆောက်ခဲ့ ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အောင်ကောင်းကျော်၊ ရတနာ မြိုင်၊ တော်ဝင်မြန်မာ၊ ယူနိုက် တက်ရွိုင်ရယ်အာရှနှင့်တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

‘‘အခုဈေးဆိုင်ခန်းတွေကို စ တင်ရောင်းချနေပါပြီ။ လာမယ့် သြဂုတ်မှာ ဖွင့်ပွဲလုပ်ပြီးဈေးသစ် ကြီးကို ဖွင့်လှစ်မှာဖြစ်ပါတယ်’’ ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ကျောက် မျက်ဈေးသစ်ဆိုင်ခန်းနေရာချ ထားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြား သည်။

ယင်းကျောက်မျက်ဈေးသစ် တွင် ပေ (၃၀×၃၅) အကျယ် သုံး ထပ်ခွဲလူနေဆိုင်ခန်းများ၊ ပေ (၂၀×၃၀) အကျယ် သုံးထပ်ခွဲ လူနေဆိုင်ခန်းများ၊ ၁၂ ပေပတ် လည် ဈေးဆိုင်ခန်းများနှင့်ခြောက် ပေပတ်လည် ပျံကျဈေးဆိုင်ခန်း များ ပါဝင်တည်ဆောက်နေပြီး စုစုပေါင်း ဆိုင်ခန်း ၂,၀၀၀ ကျော် ထိပါဝင်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရ သည်။ ဈေးသစ်စတင်ဖွင့်လှစ်ချိန် တွင် ၁၂ ပေပတ်လည် အကျယ် အ၀န်းရှိ ဈေးဆိုင်ခန်းများနှင့် ပျံ ကျဈေးဆိုင်ခန်းများကို ကျောက် မျက် အရောင်းအ၀ယ်လုပ်ငန်း အမှန်တကယ် လုပ်ကိုင်သူများ အား အခမဲ့ရောင်းချခွင့်ပေးမည် ဟု ကျောက်မျက်ဈေးသစ် ဆိုင် ခန်းနေရာချထားရေး ကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

‘‘အမှန်တကယ် ကျောက် မျက်အရောင်းအ၀ယ် လုပ်ကိုင် နေတဲ့ ကျောက်သမားစစ်စစ်တွေ အတွက် ၁၂ ပေအကျယ်ဈေး ဆိုင်ခန်း ၈၀၀ လောက်ကို အခ မဲ့ပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီ ဆိုင်ခန်းတွေမှာ ကျောက်မျက် အ ရောင်းအ၀ယ်လုပ်ငန်းပဲလုပ်ကိုင် ရမယ်။ တခြားစားသောက်ဆိုင် ဖွင့်တာတို့၊ ကွမ်းယာဆိုင်ဖွင့်တာ တို့ လုပ်လို့မရဘူး။ အရင်းအနှီး နည်းတဲ့ ကျောက်မျက်ပွဲစားတွေ အတွက်လည်း ခြောက်ပေပတ် လည်၊ (၆×၃) ပေစသဖြင့် ပျံကျ ဆိုင်ခန်းတွေ အခမဲ့စီစဉ်ပေးမှာ ဖြစ်ပါတယ်’’ဟု ဦးဇော်ဇော်က ပြောသည်။

လက်ရှိတွင် ဈေးဆောက် လုပ်ရေးကုမ္ပဏီများက ပေ(၃၀× ၃၅) အကျယ် သုံးထပ်ခွဲလူနေ ဆိုင်ခန်းနှင့် ပေ (၂၀×၃၀) အ ကျယ် သုံးထပ်ခွဲ လူနေဆိုင်ခန်း များကို အရစ်ကျစနစ်ဖြင့်ရောင်း ချလျက်ရှိသည်။

ကျောက်မျက်ဈေးသစ်တည် ဆောက်မှုကြောင့် မန္တလေးမြို့ တွင် လက်ရှိအရောင်းအ၀ယ်ပြု လုပ်နေသည့် မဟာအောင်မြေ ကျောက်ဝိုင်း ပြောင်းရွှေ့ရမည်ကို မြို့ခံကျောက်သမား အများစု စိုး ရိမ်မှုများရှိနေပြီး ၂၀၁၄ နှစ်ကုန် ပိုင်းက မဟာအောင်မြေ ကျောက် ၀ိုင်း ရွှေ့ပြောင်းခြင်း မပြုရန် သောင်းချီသော မြို့ခံကျောက် သမားများက မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ သည်။ ကျောက်မျက်ဈေးသစ် တည်ဆောက်ခြင်းကြောင့် လက် ရှိအရောင်းအ၀ယ် ပြုလုပ်နေ သည့် မဟာအောင်မြေ ကျောက် ၀ိုင်း ပြောင်းရွှေ့ရမည်မဟုတ် ကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ကတိပြုပြောကြားထားသည်။

7Day Daily

No comments:

Post a Comment