Thursday 3 December 2015

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မုံရွာတွင် ပြုလုပ်

ဒီဇင်ဘာ ၃ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအ မှတ် အကြိုလှုပ်ရှားမှုပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ စစ် ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်းရုံးနှင့် ရောင်ခြည်သစ် မျက်မမြင်ကျောင်းတို့ ၌ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး မြန် မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းအရင်းအ မြစ်ဌာန (မုံရွာ)နှင့် ရောင်ခြည်သစ်မျက်မမြင်ကျောင်းတို့ ပူးပေါင်း၍ ၂၀၁၅ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။
‘‘အပြည်ပြည်ဆိုင်ရာမသန် စွမ်းသူများနေ့ အထိမ်းအမှတ်ပြိုင် ပွဲတွေကို ရောင်ခြည်သစ်မျက်မမြင်ကျောင်းအနေနဲ့ ကျင်းပတာ ငါးနှစ်မြောက်ပါ။ ဒီနှစ်တော့ မသန်စွမ်းအရင်းအမြစ်ဌာန (မုံရွာ)၊ စစ်ကိုင်းတိုင်း ဒေသကြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်းတို့နဲ့ ပထမအကြိမ်ပူးပေါင်းကျင်းပတာဖြစ်ပါတယ်’’ဟု မုံရွာမြို့ ရောင်ခြည်သစ် မျက်မမြင် သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်က ပြောသည်။

ရောင်ခြည်သစ် မျက်မမြင် ကျောင်းမှ ကြီးမှူး၍ ၂၀၁၅ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့အထိမ်းအမှတ် အကြိုလှုပ် ရှားမှုပြိုင်ပွဲများအဖြစ် ပရိတ်ရွတ်၊ စစ်တုရင်၊ သီချင်းဆို၊ လွန်ဆွဲ၊ သံလုံးပစ်၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ဖိနပ်စီး၊ ပုံပြင်ပြော၊ ကျပန်းစကားပြောစသည့် ပြိုင်ပွဲအမျိုးအ စား ၁၀ မျိုးတွင် ပြိုင်ပွဲဝင်ကျောင်း သား၊ ကျောင်းသူ ၂၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

‘‘စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မျက်မမြင်ထူးချွန်ပုဂ္ဂိုလ်တွေ ဂုဏ်ပြုပွဲနဲ့ မုံရွာရောင်ခြည်သစ် မျက်မမြင်ကျောင်းပြိုင်ပွဲ အသီး သီးမှာ ဆုရရှိသူတွေ အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အ ထိမ်းအမှတ်အကြိုလှုပ်ရှားမှုအ ဖြစ် ကျင်းပမှာပါ’’ ဟု စစ်ကိုင်း တိုင်းဒေသကြီး မြန်မာနိုင်ငံမျက်မ မြင်များအသင်းတာဝန်ခံ ဦးစန်း တင့်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့ အထိမ်းအမှတ်အ ကြိုလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၂ ရက် ညနေပိုင်းတွင် မုံရွာမြို့ မြို့ သစ်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေ သကြီး မြန်မာနိုင်ငံမျက်မမြင်များ အသင်းရုံးတည်နေရာ၌ ကျင်းပ ခဲ့ရာ မုံရွာမြို့ရောင်ခြည်သစ်မျက် မမြင်သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် မုံရွာ၊ ဘုတလင်၊ အရာတော်၊ ချောင်း ဦး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ဒီပဲယင်း၊ မင်းကင်းမှ မျက်မမြင်အသင်းဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မသန်စွမ်းအ ရင်းအမြစ်ဌာနမှ ဦးဆောင်၍ ဒီဇင် ဘာ ၁ ရက်မှ ၁၀ ရက်အထိ အ ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့အထိမ်းအမှတ်အဖြစ် အ မြင်အာရုံချို့တဲ့သူ၊ အကြားအာရုံ ချို့တဲ့သူ၊ ဉာဏ်ရည်ချို့တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူစသည့် မသန် စွမ်းပြိုင်ပွဲများ၊ အခြေခံ ပညာ ကျောင်းများတွင် စာစီစာကုံးပြိုင် ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအား စစ် ကိုင်း၊ မုံရွာ၊ အရာတော်၊ ရွှေဘို မြို့များတွင်လည်း ကျင်းပလျက်ရှိ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၁၅ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို မုံရွာမြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီ၌ ကျင်းပမည်ဖြစ်သည်။
7 day

No comments:

Post a Comment