Thursday 3 December 2015

မန်းရှိ ရေသန့်လုပ်ငန်း ၁၂ ခု ယာယီပိတ်သိမ်းခံရ


မန္တလေးမြို့တွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၏ ထောက်ခံချက်မရှိ သည့် သောက်ရေသန့်လုပ်ငန်း ၁၂ ခုအား ယာယီ ပိတ်သိမ်း စေခဲ့ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး   ဦးစီးဌာန၏ ထောက်ခံချက် မရှိသည့် အပြင် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ဆောင်ရွက်မှု မရှိသော သောက်ရေသန့်လုပ်ငန်း များအား ဒီဇင်ဘာ ၁ ရက်မှ စတင်၍  လုပ်ငန်းယာယီပိတ်သိမ်းစေခဲ့ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိတ်သိမ်းခံရသည့် ရေသန့် လုပ်ငန်းမှာ ၁၂ ခုခဲ့ကြောင်း မန္တလေးစည်ပင်သန့်ရှင်းရေးဌာန မှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က အတည်ပြုခဲ့ပြီး ယာယီပိတ်သိမ်း ခံရသည့် သောက်ရေသန့်လုပ် ငန်းများအနက် ကိုးခုကို မန္တလေးစည်ပင်မှ   ထုတ်ပြန်ကြေညာခဲ့ သည်။ ပြည်ကြီးတံခွန်မြို့နယ် မှ   ခြောက်ခုပါဝင်ပြီး    မြ၀တီ မင်းကြီးလမ်းနှင့် ကျွဲဆည်ကန် ကမ်းမှ Dragon၊ မြ၀တီမင်းကြီး လမ်းနှင့် ဝေသာလီလမ်းကြားမှ Shwe Myanmar နှင့် နဒီ၊ စံပြ လမ်းနှင့် သခင်ဖိုးလှကြီးလမ်း ကြားမှ ဆန္ဒပြည့်၊ မြ၀တီမင်းကြီး လမ်းမှ Skyline၊ ၅၉ လမ်းမှ Clean တို့ ဖြစ်သည်။ အောင်မြေ သာစံမြို့နယ်ရှိ ဧရာဦးနှင့် Good Luck၊ မဟာအောင်မြေမြို့နယ်ရှိလမင်းသာအစရှိသည့် သောက် ရေသန့်လုပ်ငန်းများဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ဒီဇင်ဘာ ၂ ရက် ၌ ထုတ်ပြန်ကြေညာသည်။

‘‘FDA (အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ရဲ့ ထောက်ခံချက် ရရှိမယ်ဆိုရင် တော့ ပြန်ပြီး လုပ်ငန်းလုပ်ကိုင် ခွင့်ပြုသွားမှာပါ’’ဟု ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

အဆိုပါ သောက်ရေသန့် လုပ်ငန်းများအား ၂၀၁၅ နိုဝင် ဘာပထမပတ် အတွင်း က ကျန်း မာရေးဝန်ကြီးဌာန အစားအ သောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦး စီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အစာအးသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့ ပူးပေါင်းကာ သောက်ရေသန့် နမူနာများရယူပြီး စစ်ဆေးခဲ့ရာမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၏ ထောက်ခံချက်မရှိခြင်းကို  စစ်ဆေးတွေ့ရှိ ရကြောင်း    မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

7Day Daily 

No comments:

Post a Comment