Wednesday 9 September 2015

အချက်သုံးချက်လုပ်ပေးမည်ဟူသောကတိဖြင့် NDF မဲဆွယ်

NDF ပါတီက ဒဂုံမြို့သစ်(၄၇)ရပ်ကွက်ဓမ္မာရုံ၌ မဲဆွယ်ပြောကြားနေစဉ်

 ရွေးကောက်ပွဲအနိုင်ရ ပါက အချက်သုံးချက်မဖြစ်မနေ ဆောင်ရွက်ပေးမည်ဟူသော က တိဖြင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)က စက်တင် ဘာ ၈ ရက်တွင်  စတင်မဲဆွယ် လိုက်ပြီဖြစ်သည်။
မိမိတို့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ အနိုင်ရရှိ ပါက ပြည်သူများ၏ စားဝတ်နေမှု ပြေလည်စေရေး၊ ကျေးရွာများအ နှံ့ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ဈေး နှုန်းများ တည်ငြိမ်ကာ ငွေကြေး တန်ဖိုးမြင့်တက်လာစေရေး စ သည့်အချက်များကို ဆောင်ရွက် ရန် စီစဉ်ထားကြောင်း ပါတီဥက္က ဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

‘‘ကျွန်တော်တို့ပါတီအနေနဲ့ လူမှုအခြေပြုလွတ်လပ်ခွင့်ဝါဒကို ချမှတ်ထားပါတယ်။ လာမယ့်ရွေး ကောက်ပွဲမှာ ကျွန်တော်တို့ပါတီ ကို မဲပေးပါ။ ဒီလိုမဲတောင်းတာ ဟာ ပြည်သူတွေကို အကျိုးပြုချင် လို့ဖြစ်ပါတယ်။ မဲထည့်တဲ့အခါ မှာလည်း မိမိတို့အတွက် ဆောင် ရွက်ပေးမယ့်သူတွေကို ရွေးချယ် ဖို့လိုပါတယ်။ ပြည်သူတွေအနေ နဲ့ မဲတစ်ပြားကို မစဉ်းစားမတွေး တော့ဘဲ ထည့်လိုက်မယ်ဆိုရင် ငါးပါးသာမက သံဃာစင်ပါ မှောက်ပါလိမ့်မယ်’’ဟု ဦးခင် မောင်ဆွေက ပြောသည်။

NDF ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းများ ပထမဆုံး မဲဆွယ်မှုကို တရားဝင်မဲဆွယ်ခွင့် ပြုသည့် စက်တင်ဘာ ၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မဲဆန္ဒနယ်ရှိ လွှတ် တော်အသီးသီး၌ ဝင်ရောက်ယှဉ် ပြိုင်မည့်  ကိုယ်စားလှယ်လောင်း များ မဲဆွယ်ဟောပြောမှုကို ယင်း မဲဆန္ဒနယ်အတွင်း ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

၎င်းပါတီ၏   ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းများ မဲဆွယ်မှုကို အဆိုပါ မြို့နယ် ၄၇ ရပ်ကွက် ဓမ္မာရုံအ တွင်း ပြုလုပ်ရာ ရပ်ကွက်နေပြည် သူအနည်းငယ် တက်ရောက်နား ထောင်ခဲ့သည်။

‘‘၂၀၁၀ တုန်းကတော့ ဒီပါ တီက ကိုယ်စားလှယ်ဒေါ်တင်နွယ် ဦးကို မဲပေးခဲ့တာပါ။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ ဘယ်သူ့ ကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ် ရသေးပါဘူး။ အခုဟောပြောပွဲ ကတော့ ဒီမှာလုပ်မယ်သတင်း ကြားလို့ စိတ်ဝင်စားပြီး လာနား ထောင်တာပါ’’ဟု မဲဆွယ်ဟော ပြောပွဲသို့ တက်ရောက်နားထောင် ခဲ့သူ ဒေါ်ခင်လှက ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက် ပွဲတွင် လူကိုမကြည့်ဘဲ ပါတီကို သာကြည့်၍ မဲပေးရွေးချယ်ရန် ပြောဆိုနေမှုသည် မှန်ကန်ခြင်း မရှိဘဲ ပါတီရော လူကိုပါကြည့်၍ မဲပေးကြရန် လိုကြောင်း အဆိုပါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် NDF ပါတီကိုယ်စားလှယ်လောင်း ဦးကြီးမြင့်က ပြောသည်။

NDF ပါတီအနေဖြင့် လာ မည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံးရှိ မဲဆန္ဒနယ် ၂၇၄ နေရာ၌  ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။
7 day

No comments:

Post a Comment