Wednesday 9 September 2015

ရှစ်လတာအတွင်း အမှု မပေါ်သေးသည့် လူသတ်မှုရှစ်မှုရှိ


ရန်ကုန်တိုင်းဒေသကြီး တွင် ၂၀၁၅ ရှစ်လတာကာလအ တွင်း လူသတ်မှု ၁၁၆ မှုဖြစ်ပွားခဲ့ ပြီး တရားခံမပေါ်သေးသည့် အမှု ရှစ်မှုရှိကာ အင်းစိန်မြို့နယ်သည် တရားခံမပေါ်သေးသည့် အမှုနှစ်မှုဖြင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်ပွားခဲ့သည့် လူသတ်မှု များအနက် တရားခံမပေါ်သေး သည်မှာ အင်းစိန်၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သန်လျင်မြို့နယ်များဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။‘‘လူသတ်မှုတွေ ဖြစ်တာ တော့ ဒီနှစ်ဖြစ်ပွားမှုကတော့ အ ရင်နှစ်တွေထက် ပိုနည်းတယ်။ ဒါပေမဲ့ တရားခံမပေါ်သေးတဲ့ အမှုတွေ လောလောဆယ်မှာ ရှစ် မှုအထိရှိတယ်။ အမှုကြီးတွေထဲ မှာ တိုးလာတာတော့ လုယက်မှု တွေ ပိုများလာတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ဇန်န၀ါရီ ၃ ရက် ညနေတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် (၁၂၃) လမ်း၊ တိုက်အမှတ် (၂၄)၊လေးလွှာတွင် နေထိုင်သည့် ဒေါ် မာဘီယာ (၇၀) နှစ်သည် နေအိမ် တိုက်ခန်းအတွင်း လက်နှစ်ဖက် ကြိုးတုပ်ခံရပြီး ပါးစပ်တွင် အ၀တ်ဆို့လျက် ဦးခေါင်းချိုစောင်း၌ ဒဏ်ရာရရှိကာ အသတ်ခံရပြီး တရားခံကို ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

‘‘လူတွေက လူသတ်မှုဆိုရင် တောင် ရန်ကုန်မြို့ထဲမှာဖြစ်တဲ့ အမှုတွေကို ပိုစိတ်ဝင်စားတယ်။ ရန်ကုန်မြို့ထဲမှာက တိုက်ခန်း တွေနဲ့ နေကြတော့ တစ်ခန်းနဲ့ တစ်ခန်းသိတဲ့ သူတွေ နည်းတယ်။ တိုက်ခန်းတွေမှလည်း လုံခြုံရေး အတွက် သော့ခတ်တာတွေနည်း တယ်။ ရှိတဲ့ ရဲဝန်ထမ်းနဲ့ လုံခြုံရေး ကိုတော့ လုပ်ပေးနေပေမယ့် ပြည်သူတွေကလည်း မိမိတို့ လုံခြုံရေး ကို ဂရုစိုက်ပြီး မသင်္ကာတဲ့ သူဆို နီးစပ်ရာ ရဲစခန်းကို ဖုန်းဆက်တိုင် ပါ’’ဟု ရန်ကုန်တိုင်းအတွင်း တာ ၀န်ထမ်းဆောင်နေသည့် မြို့နယ် မှူး တစ်ဦးက ပြောသည်။
ဇွန်လ ၉ ရက်တွင် တာမွေ မြို့နယ် ပုသိမ်ညွန့်စံပြရပ်ကွက် မလွှကုန်းလမ်းနေ အသက် (၆၂)နှစ်နှင့် အသက် (၇၀)အရွယ် အမျိုးသမီးကြီးနှစ်ဦး သတ်ခံရမှု ဖြစ် ပွားခဲ့ပြီး သေဆုံးသူ နှစ်ဦးမှာ လွန်ခဲ့သည့် နှစ်ရက်ခန့်မှ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း အမှုစစ်ဆေးရာတွင် ပါဝင်သည့် ရဲအရာရှိက ပြောကြားခဲ့သည်။ အဆိုပါလူသတ်မှုမှာ လည်း ယခုအချိန်ထိ တရားခံမပေါ်သေးပေ။
7 day

No comments:

Post a Comment