Wednesday 9 September 2015

ရွေးကောက်ပွဲတွင် မီဒီယာ ဘက်လိုက်မှု ရှိ၊မရှိ ပြန်လည်စောင့်ကြည့်ခံရမည်


 ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို မီဒီယာများကဖော် ပြရာတွင် ဘက်လိုက်ဖော်ပြခြင်း ရှိ၊မရှိ လေ့လာစောင့်ကြည့်မည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အ စည်းတစ်ခုဖြစ်သော Myanmar Institute for Democracy(MDI) က ထုတ်ဖော်ပြောကြားသည်။
‘‘ကျွန်တော်တို့ရဲ့စောင့်ကြည့် လေ့လာမှုတွေကို ပြည်သူတွေကို ပြန်ချပြမှာပါ’’ ဟု MDI ၏ စီမံ ကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော် ကပြောသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ နှစ်လကြာစောင့်ကြည့်တွေ့ ရှိချက်များကို ရွေးကောက်ပွဲမ တိုင်မီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲ အပြီး တစ်ကြိမ်ပြည်သူထံသို့ ပြန် လည်ချပြမည်ဖြစ်ကြောင်း ဦးမျိုး မင်းဇော်ကပြောသည်။
နိုင်ငံပိုင်မီဒီယာများအပါအ ၀င် ရုပ်မြင်သံကြားလိုင်း ငါးခု၊ရေ ဒီယိုလိုင်း ရှစ်ခု၊ သတင်းစာနှင့်ဂျာ နယ် ၁၄ စောင်နှင့် အွန်လိုင်းမီဒီ ယာ သုံးခုတို့ကို MDI က အဖွဲ့ဝင် ၁၇ ဦးဖြင့် စောင့်ကြည့်မည်ဖြစ် သည်။

မဲဆွယ်စည်းရုံးမှုကာလမှ စ တင်ကာ ကိုယ်စားလှယ်လောင်း များနှင့် ပါတီများကို မီဒီယာများ က ထုတ်လွှင့်ဖော်ပြသော အချိန် အတိုင်းအတာ၊ စာမျက်နှာပမာ ဏ၊ ဖော်ပြသော အသုံးအနှုန်းတို့ ကို ကိန်းဂဏန်းအသုံးပြုတိုင်းတာ ခြင်းဖြင့် ဆန်းစစ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီဒီယာများ၏ ဖော်ပြမှုကို ကျင့်ဝတ်ဆိုင်ရာနှင့် သတင်းစာပညာဆိုင်ရာ ရှုထောင့် မှလည်း ချိန်ထိုးအကဲဖြတ်မည်ဖြစ် ကြောင်း MDI က ထုတ်ပြန်သည်။

လွန်ခဲ့သော ၁၇ နှစ်အတွင်း နိုင်ငံပေါင်း ၅၀ တွင် မီဒီယာစောင့် ကြည့်လေ့လာရေးစီမံကိန်းလုပ် ဆောင်ခဲ့သော ဆလိုဗက်ကီးယား အခြေစိုက် MEMO98 ၏ နည်းစ နစ်များကို MDI က အသုံးပြုမည် ဖြစ်သည်။

MDI ၏ မီဒီယာစောင့်ကြည့် လေ့လာရေးစီမံကိန်းကို ဥရောပ သမဂ္ဂ၏ STEP Democracy စီမံ ကိန်းအတွင်းမှ Democracy Reporting International (DRI) နှင့် National Endowment for Democracy(NED) တို့က ပံ့ပိုး ကူညီကြောင်းသိရသည်။

‘‘ကျွန်တော်တို့က မီဒီယာ တွေကိုပြန်စောင့်ကြည့်ပြီး ဝေဖန် အပြစ်တင်ဖို့မဟုတ်ဘူး။ မဲပေး မယ့်ပြည်သူတွေက မီဒီယာတွေ ဆီကဘယ်လိုအချက်အလက် တွေရသလဲဆိုတာ စံနှုန်းတချို့နဲ့ ချိန်ထိုးကြည့်ခြင်းပါပဲ’’ဟု DRI ၏ မီဒီယာစောင့်ကြည့်လေ့လာရေး ကျွမ်းကျင်သူ MR Rasto Kuzel ကပြောသည်။

တွေ့ရှိချက်အစီရင်ခံစာများ ကို ပြည်သူ၊ အရပ်ဘက်အဖွဲ့အ စည်းများ၊ မီဒီယာများ၊ ပါတီများ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း MDI က ထုတ်ပြန်သည်။

‘‘ကျွန်တော်တို့မီဒီယာကိုမှန် တစ်ချပ်ထောင်ပြခြင်းပါပဲ’’ဟု ၎င်းကဖွင့်ဆိုသည်။
7 day

No comments:

Post a Comment