Wednesday 9 September 2015

သမ္မတ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် နယ်စပ်မှ တရားမ၀င် သစ်တင်ပို့မှုများ လေးလပိတ်


သမ္မတဦးသိန်းစိန် တ ရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လာပြီး နောက် မြန်မာနိုင်ငံဘက်မှတရုတ် နိုင်ငံဘက်သို့ တရားမ၀င် သစ် တင်ပို့မှုကို လေးလကြာပိတ်ပင် ရန် ယူနန်ပြည်နယ် အစိုးရက မြန်မာသစ်ကုန်သည်များအား ခေါ်ယူ အသိပေးကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်သည် တ ရုတ်နိုင်ငံတွင် ကျင်းပသည့် နှစ် (၇၀) ပြည့်နှစ်ပတ်လည်အခမ်းအ နားသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိတက်ရောက်ခဲ့သည်။ ယင်းခရီးစဉ်မှပြန်လာပြီးနောက် မကြာမီမှာပင် ယူနန်ပြည်နယ်အ စိုးရက သစ်တင်ပို့မှုကို လေးလ ကြာ ရပ်နားထားရန် စက်တင်ဘာ ၇ ရက်၌ မြန်မာသစ်ကုန်သည် များအား ခေါ်ယူအသိပေးခဲ့သည် ဟု မြန်မာ-တရုတ်နယ်စပ်ဒေသ မှ မြန်မာအစိုးရ၀န်ထမ်းအချို့နှင့် သစ်ကုန်သည် အချို့က ပြော ကြားသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက တ ရားမ၀င်သစ်တင်ပို့မှုကို တရုတ် နိုင်ငံဘက်က ယခုကဲ့သို့ တားဆီး လိုက်ခြင်းကို ဒေသခံတစ်ဦးအနေ ဖြင့် ကြိုဆိုပြီး သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ်တွင် အဆိုပါ ကိစ္စကို ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးခဲ့ဖွယ် ရှိသည်ဟု ပြော ကြားသည်။

သမ္မတဦးသိန်းစိန်သည် တ ရုတ်နိုင်ငံမှ ပြန်ရောက်ပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် ရေး ပူးပေါင်းထိန်းသိမ်းရန်နှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးများ တိုးမြှင့်ရန်အ ပါအ၀င် သဘောတူညီချက်အချို့ ရရှိခဲ့သည်ဟု စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရက ပြည်ပနိုင်ငံများသို့ သစ်တင်ပို့မှု တားမြစ်ထားသော်လည်း မြန်မာနိုင်ငံဖက်မှ သစ်ကုန်သည်များက တရုတ်နိုင်ငံဖက်သို့ မှောင်ခိုပို့နေဆဲဖြစ်ပြီး ယူနန်ပြည်နယ် အစိုးရကာ ၎င်းတို့ပြည်နယ်ထဲသို့ရောက်လျှင် တရုတ်ကုန်သည်များအား တရားဝင် အခွန်ဆောင်ပြီးမှသာ တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။
7 day

No comments:

Post a Comment