Wednesday 9 September 2015

အလယ်ပိုင်းမှာ မိုးကိုမျှော် ဘယ်သောအခါမှ ရွာပါ့မလဲ


ယခုနှစ်မိုးရာသီအတွင်း မကြာခဏ ကြားနေရသည့် မိုးသည်းထန်မှု၊ ရေကြီးမှုသတင်းများက သူ၏ ၀ါကြန့်ကြန့် စပါးခင်းများကို လှောင်ပြောင် နေသလားဟု ဦးသောင်းတစ်ယောက် တွေးနေမိ သည်။ သူ၏စပါးခင်းများအတွက် မိုးမြန်မြန်ရွာစေရန် ဆုတောင်းနေ သည်။ အချိန်မီ မိုးမရွာပါက စပါး ခင်းများ ပျက်စီးတော့ပေမည်။
‘‘မိုးက ရွာဖို့ကောင်းနေပြီ။ ဒီလိုပုံမျိုးနဲ့ဆို စပါးက အောင်ရေ တောင်ရမှာ မဟုတ်တော့ဘူး။ တခြားမှာဆို မိုးတွေရွာလွန်းလို့ ဒုက္ခရောက်နေကြတာ ဒီမှာကျမှ’’ ဟု ဦးသောင်းက ညည်းတွားသည်။
မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် တွင် ပါဝင်သော စစ်ကိုင်းမြို့နှင့် မိုင်အတန်ငယ်ဝေးသည့် မန္တလေး - မြစ်ကြီးနား ရထားလမ်းဘေးရှိ ခက္ခကျေးရွာနေ တောင်သူဦး သောင်းလေးတစ်ယောက် မိုးမျှော် နေစဉ်မှာပင် နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုး သည်းထန်နေသဖြင့် တစ်ကျော့ ပြန်ရေလွှမ်းမိုးမှုကို စိုးရိမ်နေရချိန် လည်းဖြစ်သည်။

 ဇူလိုင်၊ သြဂုတ်လများအ တွင်းက စိုက်ပျိုးထားသည့် ၎င်း၏ စပါးခင်းများမှာ သြဂုတ်တစ်လ လုံး မိုးအနည်းငယ်သာရွာသွန်းခဲ့ သည့်အတွက် ရေလုံလောက်စွာ မရရှိခြင်းကြောင့်အရွက်အချို့ဝါစ ပြုနေပြီဟု ဦးသောင်းကပြော သည်။

 အပင်များသေဆုံးသွားနိုင် သည့် အဆင့်သို့မရောက်သေး သော်လည်း စက်တင်ဘာအတွင်း မိုးရေရရှိရန် အရေးပေါ်လိုအပ် နေပြီဟုဆိုသည်။ မိုးရာသီဖြစ် သော်လည်း ရွာရှိအချို့စိုက်ခင်း များအတွက် စက်ဖြင့်ရေတင်ကာ ပေးထားရသည်။

ထို့ပြင်ဆောင်းသီးနှံများ စိုက် ပျိုးရန်လည်း မိုးနှောင်းကာလ စက်တင်ဘာအတွင်း မိုးရေကောင်း စွာရရှိရန်လိုအပ်နေပြီး ဆက်ပြီးမိုး နည်းနေမည်ဆိုလျှင် စိုက်ပျိုးမြေ အစိုဓာတ်ရရှိမှုနည်းမည်ကို စိုးရိမ် ကြောင်း ဦးသောင်းကပြောသည်။

နေရာအတော်များများတွင် မိုးသည်းထန်စွာရွာနေသော်လည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊မကွေး  တိုင်း၊ မန္တလေးတိုင်းစသည့် အပူ ပိုင်းဇုန်ကြီးတစ်ခုလုံးတွင် မိုးရွာ သွန်းမှုမှာ ယခင်နှစ်ကထက်ပင် လျော့နည်း နေသေးသည့်အတွက် ဦးသောင်းကဲ့သို့ မိုးမျှော်နေသည့် တောင်သူ များ အပူပိုင်းဒေသတွင် အများအပြားရှိနေသည်။

အပူပိုင်းဇုန်ရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ် တစ်လျှောက်ရှိ မြို့များမှာ မိုးရွာသွန်းမှုလျော့နည်း နေသည်။ သို့သော်အထက်ပိုင်းမှ မြစ်ကြောင်းတစ်လျှောက်ဝင်လာ သည့်ရေများရှိသော်လည်း မြစ် ကြောင်းနှင့် ဝေးသည့်နေရာများမှာ ရေလိုနေသည်။

‘‘အပူပိုင်းဒေသမှာ ရွာတဲ့မိုး ရေချိန်မှာ ဒီနေ့ထိက အရင်နှစ်က ရွာတာကို မမီသေးဘူး။ မြို့တော် တော်များများမှာလည်း ပုံမှန်မိုးရေ ချိန်မရသေးဘူး’’ဟု မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး ကျော်မိုးဦးက ပြောသည်။

အပူပိုင်းဇုန်တွင် တစ်နှစ်ပတ် လုံးပျမ်းမျှ မိုးရေချိန်လက်မ ၃၀ ခန့်သာ နှစ်စဉ်ရရှိပြီး မုတ်သုံလေ စတင်ဝင်ရောက်သည့်အချိန်၊ ပြန် လည်ထွက်ခွာသည့်အချိန်နှင့် မိုး လယ်ကာလမုတ်သုံလေအားပြတ် ချိန်တို့တွင်သာ မိုးရွာသွန်းကြောင်း ဦးကျော်မိုးဦးက ပြောသည်။

ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် ဇူလိုင်မှစကာ လက်ရှိအချိန်ထိ မိုး ရာသီတစ်လျှောက်လုံးတွင် အ လယ်ပိုင်းဒေသ၌ မိုးရွာသွန်းမှု နည်းနေခဲ့ပြီး မိုးလယ်ကာလတွင် လည်း မုတ်သုံလေအားပြတ်မသွား ဘဲ တစ်ချိန်လုံးအားကောင်းနေ သည့်အတွက် မိုးလယ်ကာလတွင် လည်း မိုးရရှိမှုနည်းခဲ့သည်။

မိုးရာသီကုန်ဆုံးရန် တစ် နည်းအားဖြင့် မုတ်သုံလေဆုတ်ခွာ ချိန်မှာ ရက်ပိုင်းသာလိုပါတော့ သည်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားချက်အရ မုတ်သုံလေသည် စက်တင်ဘာ ၁၁ရက်မှ ၁၆ရက်အ တွင်း မြောက်ပိုင်းဒေသများမှလည်း ကောင်း၊ စက်တင်ဘာ ၁၇ရက်မှ ၂၂ရက်အတွင်း အလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက် တင်ဘာ ၂၃ရက်မှ ၂၇ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်း ကောင်း၊ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှလည်း ကောင်း ဆုတ်ခွာသွားဖွယ်ရှိနေ သည်။

မုတ်သုံလေဆုတ်ခွာစဉ်ကာ လအတွင်း မုတ်သုံဆုတ်ခွာမိုးများ ရွာသွန်းမြဲဖြစ်ရာ မြန်မာနိုင်ငံအ လယ်ပိုင်းအတွက် လက်ရှိအချိန်မှ စပြီး စက်တင်ဘာ ၂၂ရက်အတွင်း ရွာသွန်းမည့်မိုးများနှင့် တောင်တ ရုတ်ပင်လယ်နှင့် ဘင်္ဂလားပင် လယ်အော်တို့တွင် မုန်တိုင်းများ ဖြစ်လျှင် ရွာလာနိုင်မည့် မိုးများကို သာ မျှော်လင့်ရမည့်အနေအထား ဖြစ်ကြောင်း ဦးကျော်မိုးဦးကပြော သည်။

‘‘နောက်မိုးတွေတော့ ကျန်ပါ သေးတယ်။ တောင်တရုတ်ပင် လယ်မှာ ဒီဇင်ဘာလအထိ မုန်တိုင်း ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ မုန်တိုင်းဖြစ်ရင် ဗီယက်နမ်ကိုဖြတ် ပြီးအလယ်ပိုင်းကို ၀င်လာနိုင် တယ်။  အလယ်ပိုင်းမ၀င်ဘဲ မြစ်ဝ ကျွန်းပေါ်ကို သွားတယ်ဆိုရင် တော့ ရလဒ်ကပြောင်းပြန်ပဲ။မြစ်ဝ ကျွန်းပေါ် ရေကြီးနိုင်တယ်’’ဟု ၎င်း က ဆိုသည်။

မြန်မာနိုင်ငံတွင် အပူပိုင်းဇုန် နှင့် မြစ်ဝကျွန်းပေါ်ဟူ၍ ဒေသကွဲ ကာ မိုးများပြီး ရေကြီးသည့်နေရာ၊ မိုးခေါင်၍ ရေလိုအပ်သည့်နေရာ ဟူ၍ ဆန့်ကျင်ဘက်ရာသီဥတု ဖောက်ပြန်မှုများကြောင့် စိုက်ပျိုး သည့် သီးနှံများနှင့် နည်းစနစ်များ ပြောင်းလဲသင့်နေပြီဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် စိုက်ပျိုး ရေပညာရှင် ဒေါက်တာမင်းအောင် က အကြံပြုသည်။

နှစ်စဉ်ရေဖုံးလွှမ်းနိုင်သော ဒေသများတွင် ရေမြုပ်ဒဏ်၊ ရေ ၀င်ဒဏ်ခံနိုင်သည့် မျိုးများ၊ မိုး ခေါင်သည့်ဒေသများတွင် ရေလို အပ်မှုနည်းသည့် မျိုးများ၊ နည်း စနစ်များကို သုတေသနပြု၊ စမ်း သပ်ကာ စိုက်ပျိုးနိုင်ရန် တောင်သူ များကို ကူညီရန်လိုအပ်ကြောင်း၊ ရာသီဥတုပေါ် မူတည်ပြီး အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက်လည်း စက် မှုလယ်ယာစနစ်လုပ်ဆောင်ပေး နိုင်ရန်လိုကြောင်း ဒေါက်တာမင်း အောင်က ပြောသည်။

‘‘တောင်သူတွေကလည်း မျိုး တွေ၊ နည်းစနစ်တွေ မပြောင်းချင် ကြဘူး။ သူတို့နဲ့အဆင်မပြေမှာ စိုးရိမ်တယ်။ မိရိုးဖလာတွေကို စွန့် လွှတ်ဖို့လိုပြီ။ ဒီစနစ်တွေနဲ့ ဒီမျိုး တွေကိုပဲ စိုက်နေလို့မရတော့ဘူး’’ ဟု ၎င်းက ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး မှအငြိမ်းစားယူခဲ့သူ ဦးချစ်ကျော် ကမူ မိုးရာသီလက်ကျန်ကာလအ တွင်း အလယ်ပိုင်းဒေသရှိ စပါး စိုက်ခင်းများအတွက် မိုးမရမည်ကို စိုးရိမ်စရာမလိုဘဲ မိုးရာသီနောက် ပိုင်းတွင် စပါးများအောင်ရေရရှိ ရန် ရေသိုလှောင်ထားနိုင်ရန် လို အပ်ကြောင်း ပြောသည်။

‘‘ရေကျပြီးမှ ပြန်စိုက်တဲ့ လယ်တွေက မိုးရာသီကုန်ပြီးမှ ရင့်မှည့်မှာဆိုတော့ ဒီမိုးမကုန်ခင် ရက်ပိုင်းလေးအတွင်း ရွာမယ့် မိုး ရေတွေကို သိုလှောင်ထားနိုင်ဖို့ လိုတယ်။ မဟုတ်ရင် စပါးတွေ ပျက်စီးနိုင်တယ်’’ဟု ၎င်းက ပြော သည်။

မုတ်သုံဆုတ်ခွာမိုးသည်း ထန်စွာ ရွာသွန်းလျှင်လည်း စပါး များ ရေနစ်နိုင်သည့်အတွက် ပို ရေများပြန်လည် ထုတ်ပေးရန်လို ကြောင်း ၎င်းကဆိုသည်။ သို့သော် ရေကျချိန်စပါးများ ပြန်လည် စိုက်ပျိုးထားသည်မှာ မ ကြာသေးသည့်အတွက် လက် ကျန်မိုးရွာသွန်းမှုမှရရှိမည့် ရေများ ကို စပါးအောင်ချိန်ထိ သိုလှောင် ရန်မှာ အခက်အခဲရှိကြောင်း ဇူ လိုင်အတွင်း ရေကြီးမှုဖြစ်ပွားခဲ့ သည့် ကောလင်းမြို့နယ် ပန်းတင် ကျေးရွာနေ တောင်သူဦးမြင့်ဌေး က ဆိုသည်။

‘‘စပါးတွေက သြဂုတ် ၂၀ ရက်လောက်ကနေ လကုန်အ တွင်း စိုက်ထားကြတာများတယ်။ ရေပြန်ကျပြီးမှ စိုက်တဲ့အတွက် နောက်ကျတယ်။ စက်တင်ဘာလ ၀က်မှာ မိုးပြတ်သွားရင် အောင်ရေ မီချင်မှ မီမယ်။ လက်ရှိကလည်း မိုးက သိပ်ရွာတာမဟုတ်ဘူး’’ဟု ဦးမြင့်ဌေးကပြောသည်။

၎င်းတို့ဒေသတွင် အများ အားဖြင့် သက်လတ်စပါးများစိုက် ပြီး သက်ကြီးစပါးအချို့လည်း စိုက်ကြသည့်အတွက် နိုဝင်ဘာ လကုန်ခန့်မှ ဒီဇင်ဘာလဆန်း ရောက်မှ စပါးများရိတ်သိမ်းနိုင် မည်ဖြစ်ပြီး နိုဝင်ဘာလဆန်းအထိ စပါးအောင်ရေလှောင်ထားနိုင်မှ သာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အလယ်ပိုင်း ဒေ သများဖြစ်သည့် ရေနံချောင်း၊ မကွေး၊ မိတ္ထီလာ၊ ဆင်ပေါင်ဝဲ၊ ရေဦး၊ ချောင်းဦး၊ ဘုတလင် စသည့်မြို့နယ်များ၌ မိုးရွာသွန်းမှု နည်းပါးနေပြီး အချို့နေရာများ တွင် ၁၀ ရက်ခန့် ဆက်တိုက် မိုးမ ရွာသည့်ဒေသများပင်ရှိကြောင်း ဦးချစ်ကျော်က ပြောသည်။ သို့ သော်စက်တင်ဘာ ၈ ရက်မှစပြီး လ၀က်ခန့်အထိ မိုးရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

မန္တလေးတိုင်း နွားထိုးကြီး မြို့နယ်တွင်လည်း မိုးမရွာသော ကြောင့် မြေပဲစိုက်ခင်းများ ပျက်စီး နိုင်သည့် အနေအထားကြုံနေ ကြောင်း နွားထိုးကြီးမြို့ခံတစ်ဦးက ဆိုသည်။

‘‘အဓိကကျတာက ရေအ ရင်းအမြစ်တွေကို အသုံးချနိုင်ဖို့ပဲ မိုးရွာတဲ့ရေတွေက မြစ်တွေကနေ ပင်လယ်ထဲပဲ စီးဝင်ကုန်တာ။ ဒီ ရေတွေကို  လှောင်ပြီး မိုးနည်းတဲ့ ဒေသတွေကို ဖြန့်ဝေပေးနိုင်ရင် ကောင်းမယ်။ ဆည်မြောင်းတို့ စိုက်ပျိုးရေးဌာနတို့နဲ့ ဆိုင်တယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

အလယ်ပိုင်းဒေသများအဖို့မူ လက်ရှိမိုးသီးနှံအပြင် ဆောင်းသီးနှံ မှာလည်း ယခုနှစ်တွင်ဖြစ်ပေါ်မည့် အားကောင်းသည့် အယ်လ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးရန် အ ခက်အခဲတွေ့နိုင်သည့် အနေအ ထားလည်း ရှိနေပြန်သည်။

ဆောင်းသီးနှံ၊ ဂျုံ၊ပဲ စသည် တို့ကို နိုဝင်ဘာလဆန်းတွင် စိုက် ပျိုးလေ့ရှိပြီး ယင်းအချိန်တွင် မိုးအ နည်းငယ်ရွာသွန်းရန် (သို့မဟုတ်) နှင်းအနည်းငယ်ကျရန်လိုကြောင်း ခက္ခကျေးရွာသား ဦးသောင်းက ပြောသည်။

 ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုမှာ နိုဝင် ဘာမှစတင်ပြီး ဒီဇင်ဘာတွင် အ မြင့်ဆုံးရောက်နိုင်ကာ ၂၀၁၆ ဇွန် လအထိ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ အယ်လ်နီညိုကြောင့် ဆောင်းရာသီတွင် အအေးပေါ့မည်ဖြစ်ကြောင်း ဦးချစ်ကျော်က ခန့်မှန်းသည်။

‘‘စက်တင်ဘာလကုန်ရင် စပူ တော့မယ်။ ပူရင်ရေငွေ့ပြန်မှုများ ပြီး မြေကြီးကရေဓာတ်၊ အစိုဓာတ် ထိန်းထားနိုင်စွမ်းလျော့သွားမယ်’’ ဟု ဦးချစ်ကျော်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း (သို့ မဟုတ်) အပူပိုင်းဇုန်ရှိ တောင်သူ များအတွက် လက်ကျန် မိုးရာသီ ကာလရက်ပိုင်းအတွင်း မိုးရေလုံ လောက်စွာရခြင်း၊ မရခြင်းသည် မိုးရာသီစိုက်ပျိုးသီးနှံများအတွက် နောက်ဆုံးအဆုံးအဖြတ် ဖြစ်လာ နေပြီဖြစ်သည်။ ။
7 day

No comments:

Post a Comment