Wednesday 9 September 2015

ဂျာမနီနှင့် ပေါ်တူဂီ ယူရိုခြေစစ်ပွဲအောင်ရန် နီးစပ်လာ


လာမည့်နှစ် ပြင်သစ် နိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများ၌ ဂျာမနီနှင့် ပေါ်တူဂီတို့ ခြေစစ်ပွဲ အောင်ရန် ပိုမိုနီးစပ်လာပြီး မြောက်အိုင်ယာလန်က အိမ်ကွင်း တွင် ဟန်ဂေရီနှင့် သရေကျခဲ့၍ ခြေစစ်ပွဲအောင်ရန် စောင့်ဆိုင်းရ ဦးမည်ဖြစ်သည်။
ဂလက်ဆောမြို့တွင် ကစား သောပွဲ၌ ဂျာမနီက စကော့တ လန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီး သောမတ်စ်မူလာက နှစ်ဂိုး သွင်းယူခဲ့သည်။
မူလာသည် ခြေစစ်ပွဲ နှစ်ပွဲ ၌ သုံးဂိုးသွင်းယူထားကာ ဂျာ မနီအသင်းက အသင်းခြောက် သင်းပါ အုပ်စု (D) တွင် ၁၉ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။ ကျန်ရှိသော အိုင်ယာလန် နှင့် ဂျော်ဂျီယာတို့ပွဲတွင် တစ် မှတ်ရရုံဖြင့် ဂျာမနီခြေစစ်ပွဲ အောင်ပြီဖြစ်သည်။
ယင်း၏နောက်တွင် ပိုလန် က  ၁၇ မှတ်ဖြင့် ဒုတိယလိုက်နေ သည်။ အိုင်ယာလန်က ၁၅ မှတ် ဖြင့် အုပ်စု တတိယ ရယူထား သည်။

အုပ်စု (I) ပွဲစဉ်တွင် အယ် ဘေးနီးယား အိမ်ကွင်း၌ ပေါ်တူ ဂီက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ရှိခဲ့သည်။ ယင်းတွင် ပေါ်တူဂီမှ ဗီလိုဆိုက ၉၂ မိနစ်၌ ခေါင်းတိုက်၍ အနိုင်ဂိုး သွင်းယူခဲ့သည်။

ပေါ်တူဂီက ၁၅ မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပြီး ဒိန်း မတ်နှင့် အာမေးနီးယား ဂိုးမရှိ သရေကျသည်။ ထို့ကြောင့် ပေါ်တူဂီက တစ်ပွဲလျော့သော်လည်း ဒိန်းမတ်ထက် သုံးမှတ်သာနေ သည်။ အယ်လ်ဘေးနီးယားက ၁၁ မှတ်ဖြင့် ကပ်လိုက်နေသည်။

မြောက်အိုင်ယာလန်သည် အိမ်ကွင်းတွင် ဟန်ဂေရီကို အနိုင် ရလျှင် ခြေစစ်ပွဲ အောင်မည်ဖြစ် သော်လည်း တစ်ဂိုးစီ သရေကျ သွား၍  စောင့်ဆိုင်းရဦးမည်ဖြစ် သည်။

သို့သော် မြောက်အိုင်ယာ လန်သည် ရမှတ် ၁၇ မှတ်ဖြင့် အုပ် စု (F) ထိပ်ဆုံး၌ ဆက်လက်ရပ် တည်နေကာ ယင်း၏နောက်တွင် ရိုမေးနီးယားက ၁၆ မှတ်ဖြင့် ကပ် လိုက်နေသည်။ ဟန်ဂေရီက ၁၃ မှတ်ဖြင့် အုပ်စု တတိယနေရာ ရယူထားသည်။
—Ref: AP

No comments:

Post a Comment