Wednesday 9 September 2015

ဇေယျာလွင်နှင့် ပိုင်ရဲသူ စာမေးပွဲဖြေဆိုခွင့်ရ


အခြေခံဥပဒေပြင်ဆင် ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံထားရ သည့် တကသကျောင်းသားခေါင်း ဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင် ရဲသူတို့ကို စက်တင်ဘာ ၈ ရက်က ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာ တရားသူကြီး က ၎င်းတို့နှစ်ဦးအား စာမေးပွဲဖြေ ဆိုခွင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။စီးပွားရေးတက္ကသိုလ် ကျောင်းသား ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသား ကို ပိုင်ရဲသူတို့သည် စက်တင်ဘာ ၁၇ ရက်တွင် စာမေးပွဲများ စတင်ဖြေ ဆိုရမည်ဖြစ်သည်။ပန်းဘဲတန်းတရားရုံးက ၎င်း တို့နှစ်ဦးအား စာမေးပွဲဖြေဆိုခွင့် ပြုလိုက်သော်လည်း အင်းစိန် ထောင်ဦးစီးနှင့် ပညာရေးဝန်ကြီး ဌာနက စာမေးပွဲဖြေဆိုခွင့်မပြု သေးကြောင်း ကိုပိုင်ရဲသူက ပြောသည်။

‘‘တရားရုံးက စာမေးပွဲဖြေဆို ခွင့်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ထောင်က ပညာရေးဝန်ကြီးဌာန ကို စာတင်ပါလို့ ပြောတယ်။ ပညာရေးဝန်ကြီးဌာနကလည်း တရား ရုံးရဲ့ထောက်ခံစာလိုပါတယ်လို့ ပြောတယ်။ အခုလောလောဆယ် တော့ ပညာရေးဝန်ကြီးဌာနနဲ့ ထောင်ကတော့ စာမေးပွဲဖြေဖို့ ခွင့်ပြုပေးတာမျိုး မရှိသေးဘူး’’ဟု ကိုပိုင်ရဲသူက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရန်နှင့် လွှတ်တော် တွင်းရှိ  တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းထွက်ခွာပေးရန် ဆန္ဒပြပွဲကို ဦးဆောင်သည့် ၎င်းတို့နှစ်ဦးအား ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်ရဲစခန်းတို့က ငြိမ်းစုစီဥပ ဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့ဖြင့်အမှုဖွင့် ဖမ်းဆီးထားခြင်း ဖြစ် သည်။

လက်ရှိအချိန်တွင် ၎င်းတို့နှစ် ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့်သာ တရားရုံးတင်စွဲဆိုထားပြီး ပုဒ်မ ၁၈ ဖြင့် ရုံးတင်စစ်ဆေးခြင်းမရှိသေးပေ။ ကျောင်းသားခေါင်းဆောင်နှစ်ဦး ကို စက်တင်ဘာ ၈ ရက်က (၆) ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခြင်း ဖြစ်ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို စက်တင်ဘာ ၁၅ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုရာတွင် ပါဝင် သည့်တကသကျောင်းသားငါးဦး ကို ပန်းဘဲတန်းနှင့်ကျောက်တံ တားရဲခစန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။ ဆန္ဒ ပြပြီး နောက်တစ်ရက်တွင် ဆန္ဒ ပြပွဲဦးဆောင်သူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ကိုဇေယျာ လွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်း တို့ကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့ သည်။

ကိုပိုင်ရဲသူကို ဇူလိုင် ၂ ရက် တွင် ဖမ်းဆီးခဲ့ပြီး ကိုဇေယျာလွင် ကို ဇူလိုင် ၇ ရက်က ရန်ကုန်တက္က သိုလ်၌ပြုလုပ်သည့် (၅၃)နှစ်ပြည့် ဆဲဗင်းဇူလိုင်အခမ်းအနားအပြီး တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး ခဲ့ကာ ကိုနန်းလင်းကိုမူ ယနေ့အ ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ တရားရုံးက တရားခံပြေးအဖြစ် အမိန့်ထုတ်ထားသည်။
7 day

No comments:

Post a Comment