Wednesday 9 September 2015

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြု

ပင်လုံကျောက်တိုင်တွင် ကတိသစ္စာပြုနေကြသည့် ကျားခေါင်းပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ

 နိုဝင်ဘာရွေးကောက် ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း)ပါတီမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း များ စက်တင်ဘာ ၈ ရက်က ပင် လုံမြို့ ပင်လုံကျောက်တိုင်၌ကတိသစ္စာပြုခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ မှ ၀င်ရောက် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌ၊ ပါတီ ၀င်များသည် ပင်လုံကျောက်တိုင် ၌ ကတိသစ္စာပြုခဲ့သည်ဟု ယင်းပါတီမှ သိရသည်။

‘‘ကျားခေါင်း ပါတီက မျိုး ဆက်သစ် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအနေနဲ့ ရွေး ကောက်ပွဲမှာ အနိုင်ရရှိလို့ရှိရင် တိုင်းသူ ပြည်သားတွေရဲ့ အကျိုး၊ ကိုယ့်ပြည်နယ်ရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ဖို့ ကတိ သစ္စာပြုတာပါ’’ ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းခေးလျှိုက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုသည် ကို တောင်တန်းပြည်မအစပြုခဲ့ သည့် ပင်လုံစာချုပ် ဖြစ်ပေါ်လာ ရာ ပင်လုံကျောက်တိုင်၌ ကတိသစ္စာပြုကြခြင်းဖြစ်သည်။

‘‘ပင်လုံမှာ ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရ တဲ့ ရည်ရွယ်ချက်က ပင်လုံစာ ချုပ်အစပြုခဲ့တဲ့နေရာ၊ ဖက်ဒရယ် စနစ်အစပြုတဲ့ဒေသဖြစ်လို့ ကိုယ် စားလှယ်လောင်းတွေအနေနဲ့ ဖက်ဒရယ်စနစ်ကြိုးစားထူထောင် သွားဖို့ဖြစ်ပါတယ်’’ဟု ဦးစိုင်းခင် မောင်ညွန့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံစဉ် ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်း ဦးက ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဖက်ဒရယ်စနစ်ကြိုးစား ထူထောင်ကြရန်၊ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရန် ကြိုးစားကြရန် ရှမ်းဘာသာဖြင့် မိန့်ခွန်းပြောသည်။‘‘၁၉၄၇ ကနေ ရေတွက်ရင် နှစ်ပေါင်း ၇၀အတွင်း ရှမ်းပါတီ အနေနဲ့ ပထမဆုံးအကြိမ် ပင်လုံ ဒေသမှာ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေ ရွေးကောက်ပွဲ ၀င်ဖို့အတွက် မြို့နယ်အသီးသီး ကိုယ်စားပြုပြီး လာရောက်တွေ့ ဆုံကြခြင်းဖြစ်တယ်’’ ဟု ဦးစိုင်း ခင်မောင်ညွန့်က ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ က ပထမဆုံးစည်းရုံးရေး ခရီးစဉ် အဖြစ် ပင်လုံမြို့တွင် ပြုလုပ်နေ ပြီး လွှတ်တော်ကိုယ်စားလှယ် လောင်းများအတွက် ရွေးကောက် ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ သုံးရက်ကြာကျင်းပပြုလုပ် မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်း)ပါတီလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမောင်မောင်ဝင်းက ပြောသည်။
7 day

No comments:

Post a Comment