Tuesday 5 May 2015

အသက်(၁ဝ၁)နှစ် အရွယ်အဘိုးအိုတစ်ဦး နီပေါငလျင်အပျက်အစီးများ ကြားမှ အသက်ရှင်လွတ်မြောက်

နီပေါငလျင် အပျက်အစီးများအောက်တွင် ခုနစ်ရက်ကြာ ရုန်းကန်ခဲ့ရ ပြီးနောက် ယမန်နေ့တွင် အသက်(၁ဝ၁)နှစ်အရွယ်ရှိ ဒေသခံအဘိုးအိုတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်း ဒေးလီး မေးလ် သတင်းဌာနက ယမန်နေ့တွင်ဖော်ပြထားသည်။

ပျက်စီးပြိုကျနေသည့် ဘာသာရေး အဆောက်အအုံတစ်ခုကို ဖယ်ရှား ရှင်းလင်းရာ ဗြိတိန်နိုင်ငံသား ရှစ်ဦး နှင့် အတူ အဆိုပါ အသက်(၁ဝ၁)နှစ်အရွယ် အဘိုးအိုကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြန်လည် ကယ်တင်နိုင်ချိန်တွင် ဖန်ချူတာမောင်ဆိုသူ အဘိုးအိုသည် ဒဏ်ရာ အနည်းငယ်သာရရှိထားပြီး ဆေးရုံပေါ်တွင် မစိုးရိမ်ရသည့် အနေအထား ရှိကြောင်းသိရသည်။

အဘိုးအိုနှင့် ဗြိတိန်နိုင်ငံသားများသည် တောင်ထူထပ်သည့်ဒေသတွင် ပြိုကျပိတ်မိနေခြင်းဖြစ်ပြီး ရဟတ် ယာဉ်ဖြင့် ကယ်တင် ခဲ့ရခြင်းဖြစ်သည်။

T1P(Ref:Daily mail)
The Union Daily 

No comments:

Post a Comment