Tuesday 5 May 2015

ရင်ဘတ်နှင့် ၀မ်းဗိုက်တို့မှ ဒဏ်ရာများကြောင့် တေးနုယဉ်သေဆုံးရခြင်းဖြစ် သည်ဟု မှုခင်းဆရာဝန်ထွက်ဆို

တေးနုယဉ်သေဆုံးမှုသည် ရင်ဘတ်နှင့် ၀မ်းဗိုက်တို့ တွင် ရရှိခဲ့သောဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်း ဖြစ် သည် ဟု မေလ ၄ ရက် ရုံးချိန်းတွင် မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသော မင်းအုပ်စိုး၏ အမှုကိုအနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေး နေခြင်းဖြစ်ပြီး မေလ ၄ ရက် ရုံးချိန်း၌ အဆိုပါအမှု၏ မှုခင်းဆရာဝန်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန်က ရင်ဘတ်နှင့် ၀မ်းဗိုက်တို့တွင် ရရှိခဲ့သော ဒဏ်ရာ များကြောင့် အသည်းစုတ်ပြဲခြင်း၊ ၀မ်းခေါင်းအတွင်းသွေးသွန်ခြင်း၊ အဆုတ်ဖူးရောင်ခြင်း၊ နံရိုးများ ကျိုးခြင်း ကြောင့် ရင်ခေါင်းအတွင်းသွေးသွန်ခြင်းတို့ဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

တေးနုယဉ်သည် နဖူး၊ ၀ဲ၊ ယာမျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ လည်ပင်း၊ ရင်ညွန့်၊ ၀မ်းဗိုက်စသည့် နေရာ များတွင် ပွန်းပဲ့ဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာ များ၊ ညိုမည်းဒဏ်ရာများရရှိခဲ့ပြီး ယာနံရိုးအမှတ် (၂)မှ အမှတ် (၁၂) အထိ၊ ၀ဲနံရိုးအမှတ် (၃)မှ အမှတ် (၁၂) အထိနှင့် ရင်ညွန့်ရိုး ကျိုးခဲ့ကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

ထို့အပြင် အသည်းစုတ်ပြဲခြင်း၊ ကျောက်ကပ်ပတ်လည်တွင် သွေးခြည်ဥခြင်းတို့ဖြစ်ခဲ့ကာ ဦး ခေါင်းခွံ အရေပြားအောက်တွင် သွေးခြည်ဥခြင်းရှိသော်လည်း ဦးခေါင်းခွံမကျိုးဘဲ ဦးနှောက်အမြှေး နှင့် ဦးနှောက် ထူးခြားမှုမရှိသကဲ့သို့ ကျန်ကိုယ်တွင်းအင်္ဂါများလည်း ထူးခြားမှုမရှိကြောင်း ထွက်ဆိုခဲ့သည်။

တေးနုယဉ်ရရှိသော ဒဏ်ရာများသည် တုံးသောအရာဝတ္ထုနှင့် အင်အားအတန်အသင့်သုံးပါက ရရှိနိုင်သော ဒဏ်ရာများဖြစ်ကြောင်း တရားလိုရှေ့နေ၏ မေးမြန်းမှုကို မှုခင်းဆရာဝန်က ဖြေကြားခဲ့သည်။

တေးနုယဉ်သေဆုံးချိန်နှင့် ပတ်သက်၍ တရားလိုရှေ့နေ၏ မေးမြန်းမှုကို မှုခင်းဆရာဝန်က တေးနုယဉ်၏ အလောင်းသည် ဆေးရုံသို့ ဒီဇင်ဘာ ၂၅ ရက်နံနက် ၅ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပြီး ၎င်းတို့ စစ်ဆေးသည့် အချိန်၌ တေးနုယဉ်၏ အလောင်းသည် ခန္ဓာကိုယ်တောင့်တင်းခြင်း၊ ကျောဘက်တွင် သွေးအိုင်ကွက် တွေ့ရခြင်း၊ ပုပ်ပွနေခြင်း မရှိခြင်းတို့ကြောင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထွက် ဆိုခဲ့ သည်။

မင်းအုပ်စိုး၏ ရှေ့နေကလည်း တေးနုယဉ်ရရှိခဲ့သော ဒဏ် ရာများသည် တစ်ဦးနှင့်တစ်ဦး ထိခိုက်၍ သော်လည်းကောင်း၊ မာကျောသောအရာဖြင့် ထိခိုက်မှုကြောင့်သော်လည်းကောင်း ရရှိနိုင်သော ဒဏ်ရာ များ ဟုတ်၊ မဟုတ် မေးမြန်းခဲ့ရာတွင် တေးနုယဉ်ရရှိသော ဒဏ်ရာများသည် တုံးသောအရာဝတ္ထုနှင့် ထိခိုက် မိလျှင် ရရှိနိုင်သော ဒဏ်ရာများဖြစ်သည်ဟု မှုခင်းဆရာဝန်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် မင်းအုပ်စိုး၏ ရှေ့နေက လူနာအသက်ပြန်ရှူရန်အတွက် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ အသက် ကယ်ခြင်းကြောင့် ရင်ညွန့်ရိုးကျိုးသည့် ဒဏ်ရာရနိုင်၊ မရနိုင် မေးမြန်းခဲ့ရာ မှုခင်းဆရာဝန်က ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် ဒဏ်ရာရနိုင်သော်လည်း ၎င်းတို့တွေ့ရှိခဲ့သော နံရိုးများကျိုးခြင်း၊ ရင်ညွန့်ရိုးကျိုးခြင်း၊ ၀မ်းခေါင်း အတွင်း သွေးသွန်ခြင်းတို့မှာ သာမန်ဖိနှိပ်ရုံဖြင့် ဒဏ်ရာရရှိရန် ခဲယဉ်းကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် မင်းအုပ်စိုး၏ မိသားစုဆရာဝန်က ၎င်းသည် ပြင်ပဆရာဝန်တစ်ဦး ဖြစ်သောကြောင့် တေးနုယဉ် မည့်သည်ဒဏ်ရာဖြင့် သေဆုံးသည်ကို အတည်မပြုနိုင်ဟု ထွက်ဆိုခဲ့ပြီး တေးနုယဉ်တွင် ပြင်ပဒဏ်ရာ မတွေ့ရကြောင်း ထွက်ဆိုခဲ့ သည်။

၂၀၁၄ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီတွင် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ သရုပ်ဆောင် မင်းအုပ်စိုး၏ နေ အိမ် ၌ သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်သည် ရင်ဘတ်၊ မျက်နှာ နှင့် ကျောဘက် တို့တွင် အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးခဲ့ ၍ သရုပ်ဆောင်မင်းအုပ်စိုးအား ဇန်န၀ါရီ ၂၂ ရက်က အနောက်ပိုင်းခရိုင်တရားရုံး၌ လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါအမှုအတွက် ရုံးချိန်းကို မေလ ၆ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် တရားလိုပြသက်သေ များကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment