Tuesday 5 May 2015

ဘော်စတွန် မာရသွန်ပွဲတွင် ဗုံးဖောက်ခွဲသူ တရားရုံးတွင် ငိုကြွေးကာ ဆောက်တည်ရာမဲ့ဖြစ်

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုတွင် အပြစ်ရှိကြောင်း စီရင်ချက်ချထားသူ ဒဇိုခါတာဆာနဗ်က တရားရုံး စစ်ဆေးမှုတွင် ဆွေမျိုးများက သူ့အား သေမိန့်မှ ကင်းလွတ်ခွင့်ပေး၍ အသက်ချမ်းသာပေးရန် ဂျုရီလူကြီးကို တောင်းဆိုတိုက်တွန်းချိန်တွင် ဒဇိုခါက ရှားရှားပါးပါးစိတ်လှုပ်ရှားမှုဖြစ်ကာ တရားရုံးတွင်း ငိုကြွေးသွားခဲ့ သည်။

ဒဇိုခါက တရားရုံးစစ်ဆေးကြားနာမှုမှန်သမျှတွင် စိတ်ဓာတ်တင်းမာမှုဖြင့် စစ်ဆေးခံခဲ့သည့် တစ်လျှောက် တနလာင်္နေ့က ၎င်း၏အဒေါ်ဖြစ်သူကို သက်သေအဖြစ် စစ်ဆေးချိန်တွင် စိတ်ဓာတ်ဆောက်တည်ရာမဲ့ သွား ခဲ့ပြီး ယခုကဲ့သို့ ငိုကြွေးသွားခြင်းဖြစ်သည်။

ဘော်စတွန်မာရသွန်ပွဲ ဗုံးခွဲမှုကို အစ်ကိုဖြစ်သူနှင့်အတူ ကျုးလွန်ခဲ့သည့် အသက် ၂၁ နှစ်ရှိ ဒဇိုခါကို သေ ဒဏ် ပေးသင့်မသင့် ဂျုရီလူကြီးက စစ်ဆေးဆုံးဖြတ်နေခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် ဧပြီလအတွင်းက ဘော်စတွန်မာရသွန်ပွဲဗုံးခွဲမှုတွင် လူသုံးဦးသေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာ ရခဲ့သည်။

ဒဇိုခါ၏ အဒေါ်ဖြစ်သူ ပါတီမတ်လည်း စစ်ဆေးမှုတွင် စိတ်ဆောက်တည်ရာမရဖြစ်ကာ မေးခွန်းအနည်းငယ် ကိုသာ ဖြေကြားနိုင်ခြင်းရှိခဲ့သည်။

ဒဇိုခါ၏ ရှေ့နေက တိုက်ခိုက်မှုတွင် ဒဇိုခါကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သော်လည်း အစ်ကိုဖြစ်သူ၏ ခိုင်းစေ ချက်တွန်းအားကြောင့်သာဖြစ်ရခြင်းဖြစ်သည်ဟု လျှောက်လဲထားသည်။ အစ်ကိုဖြစ်သူ တာမာလန်းသည် ဗုံးခွဲပြီး ရဲက လိုက်လံဖမ်းဆီးမှုအတွင်း ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သက်သေစစ်ဆေးမှုတွင် အစ်ကိုဝမ်းကွဲဖြစ်သူ တစ်ဦးက ဒဇိုခါက နူးညံ့သည့် လူငယ်တစ်ဦးဖြစ်ပြီး တစ်ခါက The Lion King ရုပ်ရှင်ကားကြည့်ရင်းပင် မျက်ရည်ကျသည့်သူ တစ်ဦးဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment