Tuesday 5 May 2015

နေပြည်တော်တွင် လေးလအတွင်း ယာဉ်တိုက်မှုကြောင့် ၅၅ ဦး သေဆုံး

နေပြည်တော် ကောင်စီနယ်မြေတွင် ၂၀၁၅ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၅ ဦးရှိခဲ့ ကြောင်း နေပြည်တော် မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးရုံးမှ သတင်းရရှိသည်။ နေပြည်တော် ကောင်စီနယ် မြေတွင် ၂၀၁၅ ဇန်န၀ါရီမှ ဧပြီအထိ လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၂၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂၀ ဦးနှင့် သေဆုံးသူ ၅၅ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘အဓိကကတော့ ယာဉ်အ သုံးပြုသူတွေအနေနဲ့ကတော့ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်တာ ပေါ့။ အထူးသ ဖြင့်တော့ ဆိုင်ကယ်တွေ ပိုအဖြစ် များတယ်။ သေဆုံးမှုလည်း ရှိ တယ်။ ဒီသေဆုံးမှုတွေက အဓိက အားဖြင့် ဦးထုပ်မဆောင်းလို့ ဖြစ် တယ်။ ဦးထုပ်ဆောင်းရင် ဒဏ်ရာ ရတာ၊ ကျိုးတာလောက်တော့ ဖြစ် ချင်ဖြစ်မယ်။ သေတာတော့ မဖြစ် ဘူး’’ ဟု ယာဉ်စည်းကမ်းထိန်း သိမ်းရေးရုံးမှ ရဲမှူး သိန်းဦးက ပြောသည်။

မော်တော်ယာဉ်များအသုံး ပြုမှု တိုးပွားလာခြင်းနှင့် ယာဉ်မောင်းသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက် မောင်းနှင်ခြင်းမရှိ သည့်အတွက် ယာဉ်အရေအတွက် တိုးပွားလာသည် နှင့် အမျှ ယာဉ် တိုက်မှုမှာလည်း နှစ်စဉ်တိုးပွား လာခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘အဓိက ပြောချင်တာက တော့ အခြေခံကျတဲ့ အချက်တစ် ချက်ကတော့ ရပ်၊ ကြည့်၊ သွားပဲ။ လမ်းဆုံ လမ်းခွ ဘယ်နေရာပဲ ရောက်ရောက် မီးပွိုင့်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ တစ်နေရာ က ထွက်တော့မယ် ဆိုရင် ရပ်၊ ကြည့်၊ သွားကို အခြေခံပြီးတော့ သွားရမယ်။ လူတွေက အဲဒီအခြေ ခံသဘောကို ခေါင်းထဲ မထည့် ဘဲ မောင်းသွားတဲ့အခါ တစ်ဖက်က မောင်းလာတဲ့သူနဲ့ ဘွားခနဲဆို ထိပ်တိုက်တွေ့မှုတွေ ဖြစ်တာ ပဲ။ 

လူ တိုင်း လူတိုင်းရပ်၊ ကြည့်၊ သွား ကို အခြေခံပြီး သွားမယ်ဆိုရင် ယာဉ်မတော်တဆမှုလျော့နည်း လာမယ်’’ဟု ရဲမှူးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄ တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်း ယာဉ်တိုက်မှု ၃၃၅ မှုဖြစ်ပွားခဲ့ပြီး ၅၆၀ ဦးဒဏ်ရာရရှိကာ ၁၆၄ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 

7Day DAILY 

No comments:

Post a Comment