Tuesday 5 May 2015

မန္တလေးတိုင်းမှတ်ပုံတင်မဟုတ်သော ယာဉ်များကို မြို့ဝင်ကြေးကောက်ခံခြင်း ခေတ္တဆိုင်းငံ့

မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်သည့် ယာဉ်များကို စည်ပင်ကမြို့ဝင်ကြေး ကောက်ခံနေမှု အား မေလ ၄ ရက်မှစတင်၍ မေလကုန် အထိ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။

မန္တလေးတိုင်း မှတ်ပုံတင်မ ဟုတ်သည့် ယာဉ်များကို စီးနင်းအသုံးပြုနေသည့် မြို့ခံများ အဆင်ပြေစေရန်နှင့် ယာဉ်များအား မန္တလေးတိုင်း မှတ်ပုံတင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် အချိန်ပေးသည့်အနေဖြင့် မြို့ဝင်ကြေး ကောက်ခံသည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းပေးထားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူးဦးခင်မောင်တင်က ပြောကြားသည်။

မြို့ဝင်ကြေးကောက်ခံသည့် အစီအစဉ်ရပ်နားထားစဉ်အတွင်း မန္တလေးတိုင်းမှတ်ပုံတင်မဟုတ် သော ယာဉ် များ အနေဖြင့် အမည်ပေါက်ပြောင်းလဲထားရန်နှင့် မော်တော်ယာဉ်မှတ်ပုံတင် အမည်ပေါက်ပြောင်းလဲ နိုင်ရန်နှင့် ယာဉ်များ မန္တလေးတိုင်းနယ်အ၀င်လုပ်ဆောင်ခြင်းများကို သက်ဆိုင်ရာပြည်တွင်းအခွန်များ ဦးစီး ဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှလည်း ပူးပေါင်းကာအလျင်အမြန် ပြီးစီးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဦးခင်မောင်တင်က ဆိုသည်။

မြို့ဝင်ကြေး ကောက်ခံမှု ကြောင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာဖြေရှင်းနိုင်မည်မဟုတ် ဘဲ စည်ပင်၏ လုပ်ဆောင်ချက် သည် မြို့လူထုအပေါ် ၀န်ထုပ်ဝန် ပိုးဖြစ်စေသည်ဟု မြို့ခံအချို့က ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိ လာချိန်တွင် ယခုကဲ့သို့ ခေတ္တရပ် ဆိုင်းခြင်း ဖြစ်သည်။ သို့သော် ခေတ္တရပ်ဆိုင်းရုံဖြင့် အဆင်ပြေ နိုင်မည်မဟုတ်ကြောင်းလည်းမြို့ ခံအချို့ကပြောသည်။

မန္တလေးတိုင်း မှတ်ပုံတင်မ ဟုတ်သည့် ယာဉ်များကို မေလ ၁ရက်မှစတင်ကာ မန္တလေးစည်ပင်က မြို့ဝင် ကြေး ကောက်ခံလျက်ရှိပြီး စည်ပင်နယ်နိမိတ်အတွင်း (၂၄နာရီ)တစ်ရက်ဝင်ရောက်ရပ်နားလျှင် တစ်တန် အောက်ယာဉ်ငယ် ၂,၀၀၀ကျပ်၊ တစ်တန်မှ သုံးတန်အထိယာဉ်ငယ်  ၄,၀၀၀ကျပ်၊ သုံးတန်မှ ငါးတန် အထိယာဉ် ၆,၀၀၀ကျပ်နှင့် ငါးတန်အထက် ယာဉ်များအား ၁၀,၀၀၀ ကျပ်နှုန်းဖြင့်ကောက်ခံနေခြင်း ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment