Tuesday 5 May 2015

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်မနေပြင်ဆင်ရန် လက်နက်ကိုင် အဖွဲ့အချို့ ပန်ဆန်းညီလာခံတွင် စာတမ်းတင်သွင်း

ပန်ဆန်းတွင်ပြုလုပ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များ၏ထိပ်သီး အစည်းအဝေးတွင် အချို့အဖွဲ့အစည်းများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ၂၀၀၈ အခြေခံဥပဒေမဖြစ်မနေ ပြင်ဆင်ရမည်ဖြစ်ကြောင်း အမြင်သဘောထားစာ တမ်းတင်သွင်းသူများရှိ ကြောင်း သတင်းရရှိသည်။

‘‘Ceasefireအရင်လုပ်ရ မယ်ဆိုတာကို သဘောတူတယ်။ Political Dialogueတွေမှာအတူ တကွလုပ်ရမယ်ဆိုတာသဘော တူတယ်။ Political Dialogue တွေ ကတစ်ဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတူတကွလုပ်ရ မယ်။ နောက် ၂၀၀၈အခြေခံဥပ ဒေကို မဖြစ်မနေပြင်ရမယ်ဆိုတာ ကိုလည်း သဘောတူတယ်’’ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်နာယက၊ NCCTအ ဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင် ဟံသာကလည်း ၂၀၀၈ဖွဲ့စည်းပုံ ကို မပြင်ပါက စစ်မှန်သည့်ဒီမိုက ရေစီနှင့် နိုင်ငံထူထောင်ရန်မဖြစ် နိုင်ကြောင်းနှင့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုကလည်း လက်ခံ နိုင်မည်မဟုတ်သည့်အ တွက် ပြင်ဆင်ရန်လိုအပ်သည်ဆို သည့်အချက်ကို အဖွဲ့အားလုံး လက်ခံထားကြ ကြောင်းလည်းဆို သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဖွဲ့အချို့ကို ချန်လှပ်ထားပြီးမှ ရသည့်အဖွဲ့နှင့်သာ သွားမည်ဆိုတာမျိုး မဖြစ်သင့်ကြောင်း၊ အဖွဲ့အားလုံးအပစ်အခတ်ရပ်စဲရေးတွင် အားလုံးပါဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေး ပွဲများ လည်း အားလုံးအ တူတကွပါဝင်ရေးဆိုသည့်မူအပေါ်တွင် အတတ်နိုင်ဆုံး ရုန်းကန် တိုက်ပွဲဝင်ရန် လိုသည် ဟု ထင်မြင်ကြောင်းလည်း နိုင်ဟံသာက ဆက်လက်ပြောကြားသည်။

‘‘NCAကို အတည်ပြုလက် မှတ်ထိုးဖို့ကိစ္စမှာ အဖွဲ့တချို့ကိုချန်ထားလို့တော့ မဖြစ်ဘူး။ ချန်ထားရင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာအဓိပ္ပာယ် မပြည့်စုံတော့ဘူးလေ။ မမှန်ကန်တော့ဘူး’’ဟု နိုင်ဟံသာ က ဆိုသည်။

ထို့အပြင် NCAကိုလည်း ပြန်လည်ပြင်ဆင်ဖြည့်စွက်ရန်လို အပ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ ကြကြောင်း ၎င်းကပြောသည်။ ယင်းအစည်းအဝေးကို ‘၀’ပြည်သွေး စည်းညီညွတ်ရေး ပါတီဌာနချုပ်တည်ရှိရာ ပန်ဆန်း တွင် မေလ ၁ရက်က စတင် ပြုလုပ်နေ ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment