Tuesday 5 May 2015

လွတ်မြောက်လာသူအမျိုးသမီးများ ဘိုကိုဟာရမ်အဖွဲ့၏ ရက်စက်မှု များကိုပြန်ပြော

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘိုကိုဟာရမ်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးထားခြင်းမှ ပြန်လည် လွတ် မြောက်လာသူ အမျိုးသမီး များသည် ဘိုကိုဟာရမ် အဖွဲ့၏ရက်စက်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။ 

စစ်တပ်က ဘိုကိုဟာရမ်အဖွဲ့ကို တိုက်ခိုက်ရန် နီးကပ်လာချိန်တွင် ဖမ်းထားသည့် အမျိုးသမီးများကို ထွက် ပြေးခိုင်းပြီး ငြင်းဆန်ပါက အရေခွံခွာ ကြောင်း ၄င်းတို့က ပြောသည်။ နိုင်ဂျီးရီး ယားစစ်တပ်သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်း အမျိုးသမီး ၇ဝဝ ခန့်ကိုကယ်တင်ခဲ့သည်။ 

ဘိုကိုဟာရမ်အဖွဲ့သည် ဒေသခံများကို ဖမ်းဆီးကာ အမျိုးသားများကို မိသားစုများ၏ရှေ့တွင် ပစ်သတ်ခဲ့ သည်ဟု အမျိုးသမီးများက ပြောသည်။ 

T1P(Ref:ABC)
The Union Daily 

No comments:

Post a Comment