Monday 4 May 2015

မိဘများအနေဖြင့် ကလေးများ၏ စိတ်ဓာတ်ကျမှုကို ဘယ်လိုသိရှိပြီး အားပေးသင့်သလဲ ဆိုတာ

ကလေးတွေနဲ့ဆက်ကျော်သက်မြီးကောင်ပေါက်အရွယ်များ စိတ်ဓာတ်ကျ ပုံဟာ လူကြီးများနှင့် ကွဲလွဲမှု ရှိနိုင်ပါတယ်။ ကလေးတွေက လူကြီးတွေကို "စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရတယ်။ ဘယ်လိုလုပ်ရမလဲ။"လို့ ပြောတတ်ကြပါတယ်။ ထိုစိတ်ခံစားမှု အသစ်ဖြစ်ပေါ်လာခြင်း၊ ရှက်ရွံ့မှုဖြစ်ခြင်းများကြောင့် တကယ်တမ်းမှာ ကလေးဆိုတာကတော့ မိမိဘာခံစားနေရသလဲဆိုတာကို တောင် ရေရေရာရာ မသိပါဘူး။ ထိုအခါမျိုးမှာ မိဘတွေ အနေနဲ့ ကူညီဖို့လိုအပ်ပါတယ်။
သာမန်ခံစားမှု တစ်ခုမှကြီးမားသောပြဿနာ မဖြစ်ပွားစေဖို့ မိဘတွေအနေနဲ့ အချိန်ယူပြီး စိတ်ရှည်ပေးဖို့ လိုပါတယ်။ များသောအားဖြင့် ကလေးတွေနဲ့မြီးကောင်ပေါက် ဆက်ကျော်သက်အရွယ်တွေဟာ သူတို့ခံစားချက်ကို ထုတ်ဖော်ပြလေ့ရှိပါတယ်။ (ဥပမာ- သူငယ်ချင်းတွေက မခေါ်လို့၊ ကျောင်းမှာ အဆင့်ကျလို့၊ အားကစားလုပ်ဖို့စိတ်မ၀င်စားတာ၊ အခြားလှုပ်ရှားမှုမျိုးတွေကို လိုက်မလုပ်ချင်တာစသည်ဖြင့်)ပေါ့။

တဖန် သူတို့တွေဟာ သူတို့နားမလည်တဲ့ ခံစားမှုတွေကို မြန်မြန်ပျောက်စေဖို့ မိမိမလုပ်လိုခဲ့တဲ့ လှုပ်ရှားမှုတွေကိုပဲဇွတ်အတင်းလုပ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ဒီလို သင့်ကလေးဟာ ပုံမုန်လေ့လာ လုပ်ဆောင်ရမှာထက် ကျော်လွန်ပြီး တစ်စုံတစ်ခုကို အပြင်းအထန်လုပ်နေခြင်းဟာ သူတို့တွေရဲ့ စိတ်ဓာတ်ကျဆင်းနေခြင်း လက္ခဏာပဲ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျဆင်းရင် ကလေးတွေ ၀မ်းနည်းလိမ့်မယ်လို့ မိဘတွေက ထင်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ဒေါသထွက်၊ စိတ်ဆိုးခြင်းအပြုအမူတွေကိုတော့ သတိမပြုမိ တတ်ကြပါဘူး။ မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်တွေ ဟော်မုန်းအပြောင်းအလဲကြောင့် ဒီအပြုအမူမျိုး လုပ်လေ့ရှိကြောင်းကို မိဘများနေဖြင့်နားလည်ထားသင့်ပါတယ်။ အလွန်အမင်းအိပ်ခြင်း သို့မဟုတ် အအိပ်နည်းခြင်းဟာလည်း စိတ်ဓာတ်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
မိဘတွေအနေနဲ့ သင့်ကလေးရဲ့ ခံစားချက်တွေကို နွေးထွေးစွာ မေးမြန်းဖို့ အရေးကြီးပါတယ်။ အပြစ်တင်စောခြင်း မလုပ်ဘဲ သေချာစွာ စူးစိုက်အာရုံစိုက် နားထောင်ပေးရန်လည်း လိုအပ်ပါတယ်။ ကလေးတွေကိုလည်း မိဘတွေက စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပြဿနာတွေ ဘယ်အသက်အပိုင်းအခြားမရွေး ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာ၊ ကလေးငယ်တွေ ရှက်ရွံ့နေမှုကို လျော့ချပေးပြီး၊ ထိရောက်တဲ့ ကုစားမှုတွေ ရှိတယ်ဆိုတာ အသိပေးကာ၊ ကလေးတွေ မျှော်လင့်ချက်များစွာ ရှိကြောင်းကိုလည်း အလေးအနက် ထားကာ အားပေးပါ။
Ref:blogs.psychcentral.com
Trend Myanmar 

No comments:

Post a Comment