Monday 4 May 2015

မန္တလေးတိုင်း မှတ်ပုံတင်မဟုတ်သော ကားများအား မြို့ဝင်ကြေးကောက်သည်ကို မြို့ခံအချို့ဝေဖန်

မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်သည့် ယာဉ်များအား  မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့ဝင်ကြေးကောက်ခံနေမှုကို ယာဉ်ပိုင်ရှင်မြို့ခံအချို့က  ဝေဖန်နေပြီးယာဉ်ကြော ကျပ် တည်းမှုကို   အကြောင်းပြကာ စည်ပင်သာယာက မြို့ဝင်ကြေး ကောက်ခံမှုသည် မြို့ခံများအတွက် ၀န်ထုပ် ၀န်ပိုးဖြစ်စေသည်ဟုဆိုသည်။

‘‘စည်ပင်က ကောက်တဲ့မြို့ ၀င်ကြေးက များတယ်။ ဆလွန်း ကားလေးတွေဆို တစ်နေ့နှစ် ထောင်၊ ကာစတန်တို့၊ အာရာ ဖတ်တို့ဆိုရင် တစ်နေ့လေး ထောင်ပေးရတယ်။ စည်ပင်က ယာဉ်ကြောကျပ်လို့ ကောက်တာ လို့ပြောတယ်။ မန္တလေးမှာ အဲဒီ လောက်ယာဉ်ကြောမကျပ်သေး ဘူး။ ၁၅ မိနစ်၊ နာရီဝက်ကြာ ကားပိတ်တဲ့နေရာ မန္တလေးမှာမ ရှိဘူး။ ရန်ကုန်မှာ ယာဉ်ကြော ကျပ်လို့ ကောက်တာကို ဗန်းပြပြီး မန္တလေးမှာ ခွင်ရှာငွေကောက်သ လိုဖြစ်နေတယ်’’ဟု ရန်ကုန်တိုင်း မှတ်ပုံတင်ထားသည့်  ယာဉ်နှစ်စီး ၀ယ်ယူစီးနင်းနေသည့် မန္တလေးမြို့ခံ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

စည်ပင်သာယာအနေဖြင့် ယာဉ်ကြောကျပ်တည်းမှုကို တာဝန်ယူဖြေရှင်းရန် ကြိုးစားသင့်ပြီး မြို့ခံ ယာဉ်ပိုင်ရှင် များထံမှ   ငွေ ကြေးကောက်ယူရုံဖြင့်   ယာဉ် ကြောကျပ်တည်းမှု     ပြေလည် အောင်ဖြေရှင်း နိုင်မည်မဟုတ် ကြောင်း မြို့ခံ ယာဉ်ပိုင်ရှင်အချို့ က ပြောသည်။

မန္တလေးမြို့တွင် စီးနင်းအ သုံးပြုနေသည့် အိမ်စီးယာဉ်များတွင်   မန္တလေးတိုင်းမှတ်ပုံတင် မဟုတ်သည့်    မော်တော်ယာဉ် အများစုပါဝင်နေပြီး ယင်းယာဉ် များကို    စီးနင်းအသုံးပြုနေကြ သည့် မြို့ခံများ အဆင် ပြေ စေရန် မန္တလေးစည်ပင်က တစ်စုံတစ်ရာ ညှိနှိုင်းဆောင်ရွက်ပေးသင့်သည် ဟု မြို့ခံအချို့ကဆိုသည်။

‘‘မြို့ဝင်ကြေးအပြင် မြို့ ထွက်ကြေးပါ ကောက်ခံမယ့်သ ဘောမျိုးဖြစ်နေတော့ လက်မခံ ဘူး။ နာမည် ပြောင်းမယ် ဆိုလည်း အခွန်ဆောင်ရတာနဲ့ဆို သုံးသိန်း ခွဲ၊ လေးသိန်းကုန်တယ်။ ပြန် ရောင်းဖို့ကျတော့ လည်း ဈေးနှိမ် ချင်ကြတယ်’’ဟု YGN ကားဝယ် ယူစီးနင်းနေသည့် မန္တလေးမြို့ခံ အသက် (၃၀) အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်သည့် ယာဉ်များကို ပြီးခဲ့သည့် မေလ ၁ ရက်မှစကာ  မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီက မြို့ဝင်ကြေးကောက်ခံခဲ့သည်။

မန္တလေးစည်ပင်နယ်နိမိတ် အတွင်း ၂၄ နာရီတစ်ရက် ၀င် ရောက်ရပ်နားလျှင် တစ်တန် အောက်ယာဉ်ငယ် ၂,၀၀၀ ကျပ်၊ တစ်တန်မှ သုံးတန်အထိ ယာဉ် ငယ် ၄,၀၀၀ ကျပ်၊ သုံးတန်မှ ငါး တန်အထိယာဉ် ၆,၀၀၀ ကျပ်နှင့် ငါးတန်အထက် ယာဉ်များကို ၁၀,၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံ ခြင်းဖြစ်သည်။

မန္တလေးမြို့တွင်း ယာဉ် ကြောရှုပ်ထွေးပိတ်ဆို့မှု လျော့ နည်းစေရန်နှင့် မန္တလေးတိုင်းမှတ် ပုံတင်မဟုတ် သည့် အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် မှတ်ပုံတင်ထားသော  ယာဉ်များ မန္တလေးစည်ပင်နယ် နိမိတ်အ တွင်းသို့ဝင်ရောက်ရပ်နား  ပြေးဆွဲမောင်းနှင်မှုများ ယခင်ကထက်ပိုမိုများပြားလာနေ၍ စိစစ်ကြပ် မတ် နိုင်ရန် မြို့ဝင်ကြေးကောက်ခံခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေး မှူး ဦးသက်နိုင်ထွန်းက ဆိုသည်။

မြို့ဝင်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ စောဒကတက်လာ သူမရှိသေးဘဲ ရန်ကုန်မြို့တွင်လည်း ကောက်ခံ နေပြီဖြစ်သည့် အတွက် မန္တလေးစည်ပင်သာယာ အနေဖြင့် ဆုံးဖြတ်ချက်ပြင်မည်မ ဟုတ်ဘဲ ဆက် လက် ကောက်ခံမည်ဟု ဦးသက်နိုင်ထွန်းက ဆိုသည်။ မြို့ဝင်ကြေးများကို မန္တလေးစည်ပင်ဝန်ထမ်းများက ကောက်ခံ ခြင်းဖြစ်ပြီး ထုံးဘို၊ အောင်ပင်လယ်၊ ရွှေကျင်၊ ရွှေကြက်ယက်စသည့် မန္တလေးမြို့ဝင်မြို့ထွက် လမ်း အသုံးပြုခကောက်ခံရေးစခန်းများတွင် နေ့စဉ်ကောက်ခံနေခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment