Monday 4 May 2015

ကျေးရွာပေါင်း ၅၉၀ တွင် ဆင်းရဲနွမ်းပါးမှု စစ်တမ်းကောက်

ကျေးရွာပေါင်း ၅၉၀ တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န် ကြီးဌာနက ဆင်းရဲနွမ်းပါးမှု စစ် တမ်းကောက်နေပြီး ဖွံ့ဖြိုးမှုအ နည်းဆုံးနိုင်ငံများစာရင်းမှ လွတ် မြောက်ရေးအတွက် ကုလသမဂ္ဂ သို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆင်းရဲနွမ်းပါးမှုစစ် တမ်းကို ၂၀၁၅ မှ ၂၀၁၈ အတွင်း သုံးနှစ်စီမံကိန်းချမှတ်ကာ မြို့နယ် ၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၅၉၀ တွင် စတင်ကောက်ယူနေခြင်း ဖြစ်သည်။ မေလပထမပတ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စတင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ စစ်တမ်းကောက်ပြီးပါက ရလဒ်ကို ကုလသမဂ္ဂသို့ တင်ပြမည် ဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအ ဖြစ်မှ လွတ်မြောက်ရေးမဟာစီမံ ကိန်း (မူကြမ်း)ကို အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု ၀န်ကြီးဌာနက ရေးဆွဲထားပြီး ဆင်းရဲနွမ်းပါးမှုစစ်တမ်းကို မွေး မြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ကောက်ယူနေကြောင်း ယင်းဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
အဆိုပါဆင်းရဲနွမ်းပါးမှု စစ်တမ်းကောက်ယူနိုင်ရေးပြည်ပအဖွဲ့အစည်းတစ်ခုက အမေရိကန်ဒေါ်လာတစ်သိန်းနှစ်သောင်း အကူအညီပေးကာ စစ်တမ်း ကောက်ယူမည့် ၀န်ထမ်းဦးရေ၈၀ အား ဧပြီနောက်ဆုံးပတ်တွင်နေပြည်တော်၌ သင်တန်းပေးခဲ့သည်။
မြန်မာနိုင်ငံသည် စီးပွားရေး ချွတ်ခြုံကျမှုကြောင့် ၁၉၈၇ တွင် ကမ္ဘာ့ကုလသမဂ္ဂက ဖွံ့ဖြိုးမှုအ နည်းဆုံးနိုင်ငံအဆင့် သတ်မှတ် ခြင်းကို လက်ခံခဲ့သည်။ ယခုအခါ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်ရန် သတ်မှတ်ထားသည့် ညွှန်းကိန်း သုံးခုစလုံးတိုးတက်လာရန် ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်ငွေက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြုကော်မတီ အစည်းအဝေးတွင် ပြောသည်။
အဆိုပါ ညွှန်းကိန်းသုံးခုမှာ အမျိုးသား အသားတင်ဝင်ငွေ၊ ဆင်းရဲနွမ်းပါးမှုနှုန်းညွှန်းကိန်းနှင့် စီးပွားရေးထိခိုက်နစ်နာလွယ်မှု ညွှန်းကိန်းတို့ ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုစစ်တမ်းကို ကောက်ယူရာတွင် အဆိုပါအချက်အလက်များ အသေးစိတ်ကောက်ယူကာ အခြားဝန်ကြီးဌာနများကလည်း စာရင်းဇယားများကို ၀ိုင်းဝန်းကူ ညီပေးရန် အလွန်အရေးကြီး ကြောင်း ဒုဝန်ကြီးက ပြောသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းမှ လွတ်မြောက်ရေးသည် ညွှန်းကိန်းများအပေါ်တွင်သာ အ ခြေမတည်ဘဲ ညွှန်းကိန်းများသည် လွတ်မြောက်ရေးအတွက် ကျော် ဖြတ်ရမည့် အခြေခံအချက်များ သာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးစီမံကိန်းများ ဆောင်ရွက်နေသော်လည်း တိုးတက်မှု နည်းနေသည်။

7Day Daily

No comments:

Post a Comment