Monday 4 May 2015

ဝယ်သူ မရှိသလောက်ဖြစ်နေ၍ အိမ်ခြံမြေလုပ်ငန်းများ ရပ်တန့်လုနီး ပါးဖြစ်နေ

ယခုနှစ် အိမ်ခြံမြေလုပ်ငန်း၌ ရောင်းသူသာရှိနေပြီး ဝယ်ယူသူ မရှိသလောက် ဖြစ်နေပြီး ရပ်တန့်လုနီးပါး ဖြစ်နေပြီဟု ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းများနှင့် အရောင်းကိုယ်စာလှယ်များက ပြောသည်။

အရောင်းအဝယ် မဖြစ်ခြင်းကြောင့် ဝယ်ရင်းစွဲဈေးထက် လျှော့ရောင်းသူများ ရှိနေသော်လည်း အရောင်း အဝယ်မဖြစ်ဟု အကျိုးဆောင် အိမ်ခြံမြေ လုပ်ငန်းမှ အရောင်းမန်နေဂျာ ကိုသက်ကိုက ဆိုသည်။

“အိမ်ခြံမြေက ဒီနှစ်မှာ အတော်ကိုအေးနေတာ၊ ဈေးလျှော့ရောင်းပေးတဲ့ သူတွေ ရှိနေပေမယ့် ဘယ်လို မှကို ပြန်မနိုးလာတော့တာ။ လက်ကြီး ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်ထဲမှာ မရှိသလောက်ဖြစ်နေတော့ ဈေး ကွက်တစ်ခုလုံး ဘာမှလုပ်လို့ မရတော့တဲ့ အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။


ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည် သွက်လက်လာမည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ခန့်မှန်ထားကြသော် လည်း လက်တွေ့ဈေးကွက်တွင် ရောင်းသူထက် ငှားရမ်းမှုဈေးကွက်မျှသာ ရှိနေခြင်း ဖြစ်သည်။

မရမ်းကုန်းမြို့နယ်ရှိ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် ဒေါ်အေးသီတာက ‘၂၀၁၄ နှစ်ကုန်မှာ အိမ်ခြံ မြေဈေးကွက်က အရမ်းကို သွက်သွားတာ။ တိုက်ခန်း တစ်ခန်းဝယ် ရက် ၂၀ လက်ထဲမှာထားပြီး ပြန်ရောင်းနိုင်လောက်
အောင် ဈေးကွက်ကောင်းပေမယ့် ဒီဘက်နှစ်မှာ လုံးဝကို ရပ်ဆိုင်းသွား
သလိုပဲ” ဟု ပြောသည်။

ဈေးကွက်အတွင်း အမှန်တကယ်နေထိုင်လိုသူများသာ လှုပ်ရှားမှုရှိနေပြီး အရောင်းအ၀ယ် ၇၀ ရာခိုင် နှုန်းမှာ မြေကွက်ဝယ်ယူလိုသူများ
ဖြစ်နေသည်ဟု ၄င်းအိမ်ခြံမြေကိုယ်စားလှယ်က ထပ်မံပြောဆိုသည်။

ဆောက်လုပ်ပြီးတိုက်ခန်းများ၏ ဈေးကွက်မရှိသလောက်ဖြစ်နေသော်လည်း လက်ရှိဆောက်လုပ်နေ သည့် ကန်ထရိုက်လုပ်ငန်းများကြောင့် အိမ်ခြံမြေဈေးကွက် ကျပ်တည်းမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သေးသည်ဟု ယင်းလုပ်ငန်းရှင်များက ရှင်းပြသည်။

House.com.mm အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းမှ ထုတ်ပြန်ချက်အရ ၂၀၁၅ ၏ အိမ်ခြံမြေဈေးကွက် အေးစက်မှုမှာ လာမယ့်ရွေးကောက်ပွဲ
နောက်ပိုင်းမှသာ အဆုံးသတ်နိုင်မည်ဟု ဖော်ပြထားသည်။

(Mizzima)

No comments:

Post a Comment