Monday 4 May 2015

ကိုးကန့်ဒေသတွင် ပြန်လည်အခြေချသူများအား ကူညီရန် အဖွဲ့တစ်ခုဖွဲ့

ကိုးကန့်ဒေသအုပ်ချုပ် ရေးဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ခေါင်းဆောင်သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖွဲ့စည်းလိုက်ပြီး ဒေသတွင်း ပြန်လည်အခြေချနေထိုင်သူများအနက် ရပ်တည်ရန် ခက်ခဲသူ များအား ကူညီရေးလုပ်ဆောင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ကိုးကန့်ဒေသကို တပ်မ တော်က စစ်အုပ်ချုပ်ရေးကြေညာ ပြီးနောက် ဦးပယ်စောက်ချိန်ဦး ဆောင်သော ကိုးကန့်ဒေသအုပ် ချုပ်ရေးဦးစီးအဖွဲ့မှာ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ အကျုံးမဝင်တော့ သော်လည်း ဒေသခံများအား ကူ ညီရေး အရပ်ဘက်အဖွဲ့အစည်း အနေဖြင့် တရားဝင်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်နီနိုင်က ပြောသည်။ ‘‘ရပ်တည်ဖို့ ခက်ခဲတဲ့လူ တွေ အတွက်ပေါ့။ ဒေသဦးစီးအဖွဲ့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပျက်သွားပြီလေ။ ရပ်မိရပ်ဖ အနေနဲ့ သူတို့ပြန်ဖွဲ့တာ’’ဟု ၎င်းကပြောသည်။

လောက်ကိုင်မြို့အပြင် တာ ရွှေထန်၊ ကုန်းကြမ်းမြို့နှင့် အနီး ဝန်းကျင်ကျေးရွာများတွင် စစ် ရှောင်နေသည့် ဒေသခံများ ဧပြီ တတိယပတ်မှစကာ ပြန်လည်နေ ထိုင်နေကြပြီဖြစ်သည်။ တရုတ် နိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသူ များပါ ပြန်လာနေကြပြီး မေလ ၃ ရက်ကလည်း နယ်စပ်မှတ် တိုင် (BP 125 )မှ ပြန်ဝင်လာနေကြကြောင်း သတင်းရရှိသည်။
‘‘စစ်အုပ်ချုပ်ရေးပြီးတာနဲ့ ပြန်လွှဲပေးမလား။ ဒါမှမဟုတ် ပြန် ရွေးပြီးမှ ပြန်ခန့်မလား။ ဒါကတော့သမ္မတကြီးပြန်ခန့်မှာ’’ဟု ကိုးကန့်ဒေသအုပ်ချုပ်ရေးဦးစီးအဖွဲ့နှင့် ပတ်သက်၍ ဦးကျော်နီနိုင်ကပြောကြားသည်။ ‘ကိုးကန့်ဒေသတွင် ဒေသ
တွင်း ပြန်လည်နေထိုင်သူများ အတွက် နိုင်ငံတော်သမ္မတရုံးဝန် ကြီးတစ်ဦး ဦးဆောင်သည့် ကိုး ကန့် ဒေသပြန်လည်ထူထောင်ရေး အုပ်ချုပ်မှုအထောက်အကူပြု ကော်မတီ၊ လွှတ်တော်ကိုယ်စား လှယ်များ ဦးဆောင်ဖွဲ့စည်းထား သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ တို့ ဖွဲ့စည်းထားပြီး ဦးပယ်စောက် ချိန်ခေါင်းဆောင်သော အရပ် ဘက်အဖွဲ့အစည်းကို ထပ်မံဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်။

7Day Daily 

No comments:

Post a Comment