Sunday 8 June 2014

အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး

Photo: အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး
Sunday, June 8, 2014 

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

ဘာဂလန်ခရိုင်မြောက်ပိုင်း မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ ရေလွှမ်းမိုးခဲ့တာပါ ရေလွှမ်းမိုးခံ ရတဲ့ ဒေသခံတွေကတော့ လူတွေအများကြီး အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေငါးရာလောက် ပျက်စီးပြီး လူ ၆၀ နီးပါး သေတယ် ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ဒေသခံ အိုင်မန် နာဇာကပြောပါတယ်။

ဘာလန်ဒေသအတွက် ကပ်ဘေးတုန့်ပြန်ရေးခေါင်းဆောင် အာမက် နတ်ဆား ကိုဇက် ကတော့ မိသားစု ၈၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူသေအလောင်းတွေ မြစ်ထဲ မျောပါနေတာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ ကာဇိုင်းက ခရိုင်တွင်း ရေဘေးသင့်မိသားစုတွေကို အရေးပေါ် အကူအညီပေးဖို့ အမိန့် ထုတ်ပြီးပြီလို့ သမ္မတရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ ရာသီဥတု ရှိပေမယ့် နွေရာသီမှာတော့ မိုးကြီးနိုင်ပါတယ်။ ဧပြီလက အာဖဂန် မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူအယောက် တရာကျော် သေဆုံးခဲ့ပါသေးတယ်။

DVB (မြန်မာပိုင်း)
အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

ဘာဂလန်ခရိုင်မြောက်ပိုင်း မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ ရေလွှမ်းမိုးခဲ့တာပါ ရေလွှမ်းမိုးခံ ရတဲ့ ဒေသခံ တွေ ကတော့ လူတွေအများကြီး အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေငါးရာလောက် ပျက်စီးပြီး လူ ၆၀ နီးပါး သေတယ် ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရ တယ်လို့ ဒေသခံ အိုင်မန် နာဇာကပြောပါတယ်။

ဘာလန်ဒေသအတွက် ကပ်ဘေးတုန့်ပြန်ရေးခေါင်းဆောင် အာမက် နတ်ဆား ကိုဇက် ကတော့ မိသားစု ၈၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူသေအလောင်းတွေ မြစ်ထဲ မျောပါနေတာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ ကာဇိုင်းက ခရိုင်တွင်း ရေဘေးသင့်မိသားစုတွေကို အရေးပေါ် အကူအညီပေးဖို့ အမိန့် ထုတ်ပြီးပြီလို့ သမ္မတရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ ရာသီဥတု ရှိပေမယ့် နွေရာသီမှာတော့ မိုးကြီးနိုင်ပါတယ်။ ဧပြီလက အာဖဂန် မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူအယောက် တရာကျော် သေဆုံးခဲ့ပါသေးတယ်။

DVB (မြန်မာပိုင်း)

No comments:

Post a Comment