Sunday 8 June 2014

ညစ်ညမ်းဝက်ဘ်ဆိုက်များကို ကြည့်ရှုမှုတွင် iPhoneနှင့် iPad ကိုင်ဆောင်သူ အများဆုံးဖြစ်

အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များကို စမတ်ဖုန်းများဖြင့် ကြည့်ရှုမှုတွင် Apple ကုမ္ပဏီထုတ် iPhone နှင့် iPad ကိုင်ဆောင်သူများက အရေအတွက် အများဆုံးဟု သိရှိရသည်။ နာမည်ကြီး Pornhub ဝက်ဘ်ဆိုက် က ညစ်ညမ်းရုပ်ရှင်များကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည် နေ့စဉ် (၃၈)သန်းမျှ ရှိနေ ကြောင်း ကြေညာခဲ့သည်။ ယင်းတို့အနက် ထက်ဝက်မျှသည် စမတ်ဖုန်းများ၊ Tabletများဖြင့် ကြည့်ရှုသူ များဟု လည်း ဆိုသည်။


ယင်းတို့အနက် iOSသုံး ကိရိယာများ ဖြစ်ကြသည့် iPhone၊ iPadများမှ Safari Browserကို အသုံးပြုပြီး ကြည့်ရှုသူ အရေအတွက်မှာ အများစု ဖြစ်နေကြောင်းလည်း သိရသည်။ Google၏ Chrome  Browserဖြင့် ကြည့်ရှုသည့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက်မှာ (၁၃.၆)ရာခိုင်နှုန်းမျှသာ ရှိသည်။ ညစ်ညမ်းရုပ်ရှင်များကို ကြည့်ရှုရာတွင် အများဆုံး အသုံးပြုသည်မှာ iPadများဟု ဆိုသည်။ Safari Browserမှတစ်ဆင့် ယင်းရုပ်ရှင်များကို ကြည့်ရှုသူ အရေအတွက်မှာ မိုဘိုင်းလ်ကိရိယာ အသုံးပြု၍ ဝင်ရောက်လာသူ အားလုံးအနက် အမြင့်မားဆုံးဖြစ်ပြီး (၇၃)ရာခိုင်နှုန်းထိ ရှိခဲ့သည်။ 

Gizmodoက အဆိုပါ အချက်အလက်များကို ထုတ်ပြန်ပေးရန် Pornhubကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ Tablet မပါဝင်ဘဲ စမတ်ဖုန်းချည်းသီးသန့် တွက် ချက်မှုတွင်မူ Chromeက (၁၈)ရာခိုင်နှုန်းရှိပြီး Safariက (၃၈.၂)ရာခိုင် နှုန်း ချုပ်ကိုင်ထားသည်။ Desktop ကွန်ပျူတာများဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ကြည့်ရှုမှုတွင်မူ Google၏ Chromeက (၄၄.၄)ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရှိနေပြီး ၎င်း၏နောက်တွင် Internet Explorerက (၂၃.၁၉)ရာခိုင်နှုန်း၊ Firefoxက (၂၀.၁)ရာခိုင်နှုန်းစီ အသီးသီး ရှိနေ ကြောင်းလည်း သိရှိရသည်။


Planet Myanmar Network

No comments:

Post a Comment