Sunday 8 June 2014

မိုင်းတုံ- မိုင်းဆတ်ကားလမ်းမှာ ယာဉ်ပြုတ်ကျတိမ်းမှောက်၍ ၂ ဦးသေ၊ ၂၀ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံ- မိုင်းဆတ်ကားလမ်း၊ လမ်းဘေးဝဲ/ယာရှိ ကျွန်းစိုက်ခင်းများတွင် ကျွန်းပင်ပေါက်များ စိုက်ပျိုးရန် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ နေဇာအောင်(ခ)ကုလား(၂၃)နှစ်မောင်းနှင်ပြီး အလုပ်သမား ကျား ၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း(၂၂)ဦးတို့လိုက်ပါလာသည့် ၉ဌ/xxxxလီဖန်း လေးလုံးထိုးယာဉ်သည် (၉)မိုင်ကျွန်း စိုက်ခင်းသို့မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ မြောက်ကုန်းရွာနေ မသူဇာရီ(၂၇)နှစ်ပါ ၂ ဦးမှာ ဦးခေါင်းကြေမွ၊ မျက်လုံးပေါက်ထွက်ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ တော်ကော်ရွာနေ မောင်ဌေးလှိုင်(၂၀)နှစ်ပါ ကျား ၅ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း(၂၀)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် မိုင်းတုံဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ နေဇာအောင်(ခ)ကုလားအား မိုင်းတုံမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment