Sunday 8 June 2014

ပြင်သစ်အိုးပင်းဖလား ရှာရာပိုဗာ သိမ်းပိုက်

Photo: ပြင်သစ်အိုးပင်းဖလား ရှာရာပိုဗာ သိမ်းပိုက်
Sunday, June 8, 2014

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့်(၇)သာ သတ်မှတ်ခံထားရသည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဟာလတ်ကို အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့်(၃) တင်းနစ်မယ် ဟာလတ်မှာ အဖွင့်ပွဲလတ်တွင် ပွဲငယ်နှစ်ပွဲပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ရှာရာပိုဗာက ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲလတ်တွင် ဟာလတ်က ၆-၇(၅)ဖြင့် အနိုင်ရခဲ့သည်။ 

အဆုံးအဖြတ် ဖြစ်လာသည့် တတိယပွဲလတ်တွင် ရှာရာပိုဗာ (၄-၂)ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှားအယွင်းများကြောင့် (၄-၄)အထိ ဖိအားပေးခံခဲ့ရပြီး လက်ကျန်ပွဲငယ်များတွင် ဆက်တိုက်အမှတ်ယူနိုင်ခဲ့ခြင်းကြောင့် (၆-၄)ဖြင့် အနိုင်ယူကာ ပြင်သစ်အိုးပင်း ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

@z(ရိုးရာလေး)






ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့်(၇)သာ သတ်မှတ်ခံထားရသည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဟာလတ်ကို အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့်(၃) တင်းနစ်မယ် ဟာလတ်မှာ အဖွင့်ပွဲလတ်တွင် ပွဲငယ်နှစ်ပွဲပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ရှာရာပိုဗာက ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲလတ်တွင် ဟာလတ်က ၆-၇(၅)ဖြင့် အနိုင်ရခဲ့သည်။ 
အဆုံးအဖြတ် ဖြစ်လာသည့် တတိယပွဲလတ်တွင် ရှာရာပိုဗာ (၄-၂)ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှား အယွင်း များကြောင့် (၄-၄)အထိ ဖိအားပေးခံခဲ့ရပြီး လက်ကျန်ပွဲငယ်များတွင် ဆက်တိုက် အမှတ်ယူနိုင် ခဲ့ခြင်းကြောင့် (၆-၄)ဖြင့် အနိုင်ယူကာ ပြင်သစ်အိုးပင်း ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွား နိုင်ခဲ့ခြင်းဖြစ်သည်။

@z(ရိုးရာလေး)

No comments:

Post a Comment