Sunday 8 June 2014

တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး

Photo: တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး
Sunday, June 8, 2014 

အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှုတရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သားအားလုံးကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ်တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။

ဒီဗွီဘီ
အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှု တရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သား အားလုံး ကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ် တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင် ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment