Sunday 8 June 2014

လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်

Photo: လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်
Sunday, June 8, 2014

ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်
အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာဇာနည်ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံခံခဲ့ရအပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။
 
ဒီအထိမ်းအမှတ်ကျောက်တိုင်ကို အရင်က အာဇာနည်ဗိမ္မာန်အတွင်းမှာ စိုက်ထူနိုင်ဖို့အတွက် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေက ကြိုးပမ်းမှုတွေရှိနေခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် အာဇာနည်ဗိမ္မာန်တည်ရှိရာ ခြံဝင်းအနီးမှာ သီးသန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီကျောက်တိုင်ဖွင့်ပွဲကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး “ယူဗြောင်စီ”နဲ့ တောင်ကိုရီးယား နိုင်ငံအတွင်းက အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ကျောက်တိုင်မဖွင့်မီ အာဏာနည်ဗိမ္မာန်ကို သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချခြင်း၊ ငြိမ်သက်အလေးပြုခြင်းတို့ပြုလုပ်ခဲ့ပြီး ကျောက်တိုင်ဖွင့်ပွဲကိုတော့ မနက် (၁၀)နာရီခန့်မှာ ပြုလုပ်ခဲ့ပါတယ်။
 
(၁၉၈၃)ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုဟာ တောင်ကိုရီးယားသမ္မတကို ရည်ရွယ် ပေမယ့် သမ္မတ ကတော့ လွတ်မြောက်သွားခဲ့ပြီး အခြားတောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်(၁၇)ဦးနဲ့ မြန်မာနိုင်ငံသား ဓာတ်ပုံသတင်းထောက်တို့ သေဆုံးသွားခဲ့ပြီး တောင်ကိုရီးယားအစိုးရကတော့ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာလို့သတ်မှတ်ခဲ့ပါတယ်။

MRTV-4
ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာ ဇာနည် ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံ ခံခဲ့ရ အပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။

 ဒီအထိမ်းအမှတ်ကျောက်တိုင်ကို အရင်က အာဇာနည်ဗိမ္မာန်အတွင်းမှာ စိုက်ထူနိုင်ဖို့အတွက် တောင် ကိုရီးယား အစိုးရအဖွဲ့ဝင်တွေက ကြိုးပမ်းမှုတွေရှိနေခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် အာဇာနည် ဗိမ္မာန်တည်ရှိရာ ခြံဝင်းအနီးမှာ သီးသန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကျောက်တိုင်ဖွင့်ပွဲကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး “ယူဗြောင်စီ”နဲ့ တောင်ကိုရီးယား နိုင်ငံအတွင်း က အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ကျောက်တိုင်မဖွင့်မီ အာဏာနည်ဗိမ္မာန်ကို သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေ ချခြင်း၊ ငြိမ်သက်အလေးပြုခြင်းတို့ပြုလုပ်ခဲ့ပြီး ကျောက်တိုင်ဖွင့်ပွဲကိုတော့ မနက် (၁၀)နာရီခန့်မှာ ပြုလုပ်ခဲ့ ပါတယ်။

(၁၉၈၃)ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုဟာ တောင်ကိုရီးယားသမ္မတကို ရည်ရွယ် ပေမယ့် သမ္မတ ကတော့ လွတ် မြောက် သွားခဲ့ပြီး အခြားတောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်(၁၇)ဦးနဲ့ မြန်မာနိုင်ငံသား ဓာတ်ပုံ သတင်း ထောက် တို့ သေဆုံးသွားခဲ့ပြီး တောင်ကိုရီးယားအစိုးရကတော့ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာလို့သတ်မှတ်ခဲ့ပါတယ်။

MRTV-4

No comments:

Post a Comment