Sunday 8 June 2014

မီးရှူးလုံးတွင် စနက်တံထည့်ရန် အပေါက်ဖောက်ရာက ပေါက်ကွဲမှုဖြစ်၍သေဆုံး

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ခွန်သျှမ်းအောင်(၄၃)နှစ်သည် မီးရှူးပွဲတွင်လွှတ်တင်ရန်အတွက် မီးရှူးလုံးပြုလုပ်နေစဉ် လုံးပတ်(၂)လက်မ၊ အရှည်(၁)ပေခန့်ရှိ သံပိုက်လုံးအတွင်း ယမ်းများသိပ်ထားပြီး မီးရှူးလုံးအလယ်၌ စနက်တံထည့်ရန် အရှည်(၁)ပေခွဲ၊ လုံးပတ်(၅)စင်တီမီတာခန့်ရှိ အပေါက်ဖောက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်အရပ်သို့ ပင်လုံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ခွန်သျှမ်းအောင်အား ၀ဲရင်ညွန့် ပေါက်ပြဲ၊ ၀ဲ/ယာခြေဖမိုး/၀ဲလက်ဖျံ မီးလောင်ဒဏ်ရာများနှင့် တွေ့ရှိရသဖြင့် လွယ်လင်ဆေးရုံသို့ တင်ပို့ ကုသ ခဲ့ပြီး ၎င်းအား ပင်လုံနယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ထိုသို့အရေးယူထားစဉ် ယင်းနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်တွင် ခွန်သျှမ်းအောင်မှာ ရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ မှ ၂၈၆/၃၀၄-က သို့ ပြောင်းလဲစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

No comments:

Post a Comment