Sunday 8 June 2014

တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်

Photo: တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်
Sunday, June 8, 2014 

တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။

ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။

မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

The Voice Weekly
တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထား
သည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။

ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။

မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment