Thursday 16 January 2014

မူးယစ်ဆေးပြဿနာတွင် အိမ်သုံးဆေး တရားမ၀င်သယ်ဆောင်ခြင်းလည်း ပါဝင်နေ

ပြည်တွင်းတွင် ဖြစ်ပွားနေသော မူးယစ်ဆေးပြဿနာများတွင် ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အိမ်သုံးဆေး များ တရားမ၀င်သယ်ဆောင်ခြင်းက အဓိက ခြိမ်းခြောက်မှုများဖြစ်နေသည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။
“၂၀၀၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အများဆုံး ဖမ်းဆီးရမိတဲ့ အအေးမိပျောက်ဆေးပြားများမှာ အိနိ္ဒယနယ်စပ်က အများဆုံး ၀င်ရောက်ခဲ့တယ်”ဟု ဇန်န၀ါရီ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်သော မြန်မာ-အိန်္ဒိယ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆူဒိုအက်ဖီဒရင်းပါဝင်သော အအေးမိပျောက်ဆေးပြားများကို ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆေးပြား စုစုပေါင်း ၉၃ ဒသမ ၆သန်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ဖမ်းဆီးရမိသမျှဆေးပြားများမှာ အိန်္ဒိယမှ အများဆုံး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ ၂၂ ဒသမ ၀၉ သန်းခန့် ရှိသည်။
အစည်းအဝေးတွင် အိန်္ဒိယနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗျူရိုမှ ညွှန်ကြားရေးမှုးချုပ် Mr. Shri Rajiv Menta က “ကလေး၊ တမူးဘက်မှာ မူးယစ်ဆေးဝါးပြဿနာရှိသလို မြန်မာအိနိ္ဒယ နှစ်နိုင်ငံဘက် မှာလဲ မူးယစ်ဆေးဝါးပြဿနာတွေ ရှိတယ်။ မူးယစ်ဆေးဝါးတားဆီးရေးကို မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ အိနိ္ဒယဘက်ကလဲ နယ်စပ်မှာဖြစ်တဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို အပြတ်အ သတ် အရေးယူသွားမှာဖြစ်တယ်”ဟု ပြောသည်။

ယင်းသို့ ဆေးပြားများ ကလေး-တမူး နယ်စပ်လမ်းကြောင်းမှ ၀င်ရောက်နေခြင်း၊ တရားမ၀င်မှောင်ခိုများ တားဆီးနှိမ်နင်းရေးကို နှစ်နိုင်ငံ အရှိန်မြှင့် ဖြေရှင်းပေးနိုင်ရန် လိုအပ်သည်ဟုလည်း မူးယစ်ဆေးဝါး ပြ တိုက်တာဝန်ခံ ဒုတိယရဲမှူးကြီးမြင့်အောင်က မဇ္ဈိမကို ပြောသည်။

“ပြဿနာက အိမ်သုံးဆေးဝါးကို အလွဲသုံးစားလုပ်နေတာ၊ အဓိကက အိနိ္ဒယဘက်ကလာတာ အိမ်သုံး ဆေးဝါးထဲမှာ ချောင်းဆိုးပျောက်ဆေး၊ လည်ချောင်းနာရောဂါနဲ့ အအေးမိနှာစေးထဲမှာ ဆူဒိုအက်ဖီဒရင်း က ၄၀ ရာခိုင်နှုန်းလောက်ပါတယ်၊ မြန်မာနိုင်ငံဘက်က အလုံးအရင်းနဲ့ သန့်စင်ပြီး အိမ်သုံးဆေးဝါးပြန် ရောင်းနေတာက ပြဿနာဖြစ်နေတယ်”ဟု ပြောသည်။
အစည်းအဝေး၌ ၂၀၀၃ ခုနှစ်က နှစ်နိုင်ငံအာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးတွင် အိနိ္ဒယနိုင် ငံမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များကို လေ့ကျင့်ရေးသင်တန်းများ ပေးရန်လည်း ဆွေး နွေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လူငယ်ထုများအကြား စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှု ပြဿနာကို ၁၉၉၆ ခုနှစ်တွင် စတင်ရင်ဆိုင်ခဲ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြားချက်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်းများသည် တရုတ်၊ထိုင်း၊ လာအို၊ အိနိ္ဒယနိုင်ငံများမှတစ်ဆင့် ၀င်ရောက်လျက်ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment