Thursday 16 January 2014

တစညပါတီ ၁၈၉ မြို့နယ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးစီ ၀င်ပြိုင်မည်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အ နည်းဆုံး ၁၈၉ မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်မြို့နယ် အမျိုးသမီးကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းရီက မဇ္ဈိမကို ဇန်န၀ါ ရီ ၁၅ ရက်တွင် ပြောသည်။
ယင်းမဲဆန္ဒနယ် ၁၈၉ ခုတွင် မြို့နယ်တွင်း ကိုယ်စားလှယ်လောင်းနေရာအားလုံး ၀င်ရောက်ယှဉ်ပြိုင်နိုင် မည့် မြို့နယ်အားလုံးကို (က)အဆင့် မြို့နယ် ၁၀၀ နှင့် အများဆုံး နှစ်နေရာမှ သုံးနေရာအထိသာ ၀င် ရောက် ယှဉ်ပြိုင်နိုင်မည့် (ခ)အဆင့်မြို့နယ် ၈၉ မြို့နယ်တို့ ဖြစ်သည်။

“မြို့နယ်တိုင်းမှာ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးရယ်၊ လူငယ်မျိုးဆက်သစ်တွေ ၀င်ပြိုင်နိုင်ဖို့အတွက် ရယ် ပါတီအဆင့်ဆင့်ကို ပြောထားတယ်။ နောက်တစ်ခုက ကိုယ်စားလှယ်တွေနဲ့ မဲရုံကိုယ်စားလှယ်တွေ ကိုလည်း ပါတီမှာ ဖြစ်နိုင်တဲ့သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ဥက္ကဋ္ဌတွေကို မှာထားပြီးပြီ။ ကိုယ် စားလှယ်နဲ့ ထပ်တိုးမဲဆန္ဒနယ်တွေကိုတော့ ရွေးကောက်ပွဲနီးမှပဲ ဗဟိုကော်မတီအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မယ်”ဟု ဦးထွန်းရီက ပြောသည်။

ယင်းဆုံးဖြတ်ချက်များကို ပါတီ၏ခြောက်လတစ်ကြိမ်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်အဝေး ဇန်န၀ါရီလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီသည် ပါတီအတွင်း လူငယ်များ ပါဝင်လာနိုင်ရေးအတွက် စည်းရုံးမှုများပြု လုပ်နေပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဗဟိုအလုပ်အမှုဆောင်များကို ဦးစီးတာဝန်ပေးကာ ပါတီစည်းရုံးရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စတင် ဆောင်ရွက်နေပြီဖြစ်သည်။

တစညပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အပြည့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ငါးဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် အ သီးသီးတွင် ၄၇ ဦး ရွေးချယ်ခံထားရသည်။

Mizzima - News in Burmese

No comments:

Post a Comment