Thursday 16 January 2014

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့

PhotoPhotoPhoto
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အဆိုပါ ခရီးသည်တင်ကားဟာ သင်္ကန်းကြီးကနေ လပွတ္တာမြို့ကို အလာ ၁၀ မိုင် ၅ ဖာလုံ အရာက်မှာ ဆိုင်ကယ်ကိုရှောင်ရင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ လပွတ္တာ ယာဉ်ထိန်းရဲ အရာရှိ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲက အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုး သမီး တဦးလည်း ပါဝင်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ဒဏ်ရာရရှိ သူတွေကို လပွတ္တာမြို့နယ် ၃ မိုင် ကုတင် ၂၀၀ ဆေးရုံမှာ ပို့ဆောင် ကုသနေ တယ်လို့ လူနာတွေကို သွားရောက် တင်ဆောင်ခဲ့တဲ့ လပွတ္တာ နှလုံးသား ကျန်းမာရေးစော င့်ရှောက်မှု အဖွဲ့က ဦးမင်မင်းအောင်က ပြောပါတယ်။

တိမ်းမှောက်မှုဖြစ်တဲ့ ကားဟာ ဒိုင်နာအမျိုးအစား ခရီးသည်တင်ကားဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာနဲ့ သင်္ကန်းကြီးရွာဟာ မိုင် ၂၀ လောက်ကွာဝေးပါတယ်။

By webteam (ဒီဗွီဘီ) 

No comments:

Post a Comment