Thursday 16 January 2014

UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ

Photo: UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ
Thursday, January 16, 2014

ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆)မြို့နယ် ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာစတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ပါတယ်။နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှထွက်မလာခဲ့ပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့သင့်၊မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆိုထားတဲ့ နေရာဒေသ တွေမှာ နေထိုင်တဲ့လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါတယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေးဝါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့်လက်နက်တွေ၊ လေယာဉ်ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူးယစ်ဆေးဝါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတရုတ်ရဲ့မူဝါဒဖြစ်ပါတယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွားဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည်ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယောင်ဆောင်နေတာဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်းသာကြွယ်ဝနေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေခံနေကြရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသားတွေမကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေးအမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာလည်နေတော့မှာဖြစ်ပါကြောင်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ
ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့် သွင်း သတ်မှတ်ထားပါတယ်။
အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေ အဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာ စတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ ပါတယ်။ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှ ထွက်မလာ ခဲ့ပေ မယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်း ဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျော ဖို့သင့်၊ မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆို ထားတဲ့ နေရာဒေသ တွေမှာ နေ ထိုင် တဲ့ လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေ ပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါ တယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေး ၀ါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝ င်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် ထဲ မှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ် လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ   နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ် ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့် လက်နက်တွေ ၊ လေ ယာဉ် ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်း ဆိုနေတာ ဖြစ်ပါ တယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူး ယစ်ဆေး ၀ါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာ တရုတ်ရဲ့မူဝါဒဖြစ်ပါ တယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွား ဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည် ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေ ကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယော င်ဆော င်နေတာ ဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်း သာကြွယ် ၀နေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေ ခံနေကြရ ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသားတွေ မကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေ လည်း ပြန်လည်လွှတ်မြောက် လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေး အမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာ လည်နေတော့ မှာဖြစ် ပါကြော င်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ

No comments:

Post a Comment