Thursday 16 January 2014

သာသနာပြုခြင်းကို လူမှုရေးလုပ်ငန်းနှင့် တွဲလုပ်ခြင်းဖြင့် အမျိုးစောင့်နိုင်ဟု သီတဂူဆရာတော် အရှင်ဉဏိဿရမိန့်

ရဟန်းသံဃာတော်ပေါင်း သောင်းချီတက်ရောက်သော မန္တလေး သံဃညီလာခံတွင် သီတဂူဆရာတော် အရှင်ဉဏိဿရက အမျိုးဘာသာ သာသနာအရေးများနှင့် ပတ်သက်ပြီး သဘောထားများကို မိန့်ကြားခဲ့ သည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
“သာသနာပြုလုပ်ငန်းကို လုပ်တဲ့အခါမှာ လူမှုရေးလုပ်ငန်းနဲ့ တွဲလုပ်ပါ။
အမျိုးဘာသာ သာသနာ စောင့် ရှောက်ခြင်းကိစ္စဟာ အလိုလို ပါဝင်သွားပါမယ်။ နောက်တစ်ခုကတော့ မိဘမဲ့ကလေးများ၊ ကျောင်းမနေ ရတဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးများ၊ ခိုကိုးရာမဲ့ အဘိုးအဘွားများ၊ ဒုက္ခရောက်နေကြတဲ့ ၀င် ငွေနည်း ဆင်းရဲနွမ်းပါးများ၊ ပညာမတတ်တဲ့ မိန်းကလေးများ အဲလို ဆင်းရဲနွမ်းပါးတဲ့ အဘိုး၊ အဘွား၊ ကလေးသူငယ်၊ မိန်းကလေးတွေ စောင့်ရှောက်တဲ့လုပ်ငန်းကို အင်တိုက်အားတိုက် သံဃအဖွဲ့ကြီးက ဆောင်ရွက်ခြင်းဟာလည်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဖြစ်ပါတယ်။ အဲဒါကို လုပ်ကြပါ။ ဒီပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ ဒီမြေကြီးပေါ်မှာ ဗုဒ္ဓဘာသာတရားတော်ဟာ ရောက်လာတာ နှစ် ၂,၀၀၀ ကျော်ပြီ။ ခရစ်တော်သည် ဗုဒ္ဓရဲ့နောက်မှာ နှစ် ၆၀၀ ကျော်ကြာမှ မွေးဖွားတာဖြစ်ခြင်းကြောင့် ခရစ်ယာန်က အစောဆုံးရောက်သည့်တိုင်အောင် ဗုဒ္ဓရဲ့နောက်မှာ နှစ် ၆၀၀ ကျော် နောက်ကျတယ်။ အစ္စလာမ်ဘာသာက အဲဒါထက်ပိုပြီး နောက်ထပ်နှစ် ၆၀၀ ကျော်လောက် နောက်ကျတယ်။ အဲဒါကြောင့် အားလုံး နားလည်ကြဖို့က ငယ်သူ ငယ်သူတို့က ကြီးသူ ကြီးသူတို့ကို ရိုရိုသေသေ လေးလေးစားစားနဲ့ အချင်းချင်း အပြန်အလှန် နားလည်ရင်းနှီးကြပြီးတော့ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ နေထိုင်သွားကြဖို့”ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ဇန်န၀ါရီ ၁၅ ရက်ကကျင်းပခဲ့သည့် သံဃညီလာခံကိုပြုလုပ်ခဲ့ရာ သံဃာတစ်သောင်းကျော် တက်ရောက် ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment