Thursday 16 January 2014

မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်

မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင်ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါသဘောထားကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာ၌ နိုင်ငံသားတို့၏ ရေ ရှည်အကျိုးစီးပွားကို ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ တိုင်းရင်းသားစာရင်းတွင် မပါဝင်သေး သော လူမျိုးစုနှင့်အဖွဲ့အစည်းများကို အားပေးအားမြှောက်လုပ်နေသည့် ပြည်တွင်း၊ ပြည်ပ လုပ်ရပ်မှန် သမျှသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသဖြင့် ကန့်ကွက်ကြောင်းနှင့် အကာအကွယ် မဲ့နေသည့်မြန်မာ့အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကို ကာကွယ်စောင့်ရှောက်နိုင်မည့် မျိုးစောင့် ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းများ အပါအ၀င် အ ချက် ၁၁ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အထက်မြန်မာပြည် သံဃာ့ညီလာခံကို မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်း တွင် ပြုလုပ်ခဲ့ပြီး အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်ကို ဖွဲ့စည်းခဲ့ သည်။ အဆိုပါညီလာခံသို့ သီတဂူဆရာတော် ဒေါက်တာဉဏိဿရနှင့် အင်းစိန် (ရွာမ)ဆရာတော် ဘဒ္ဒန္တတိလောကာဝံသ၊ မေတ္တာရှင် အရှင်ဇ၀န၊ ရွှေည၀ါဆရာတော်၊ မန္တလေးမြို့မှ ဆရာတော်ကြီးများ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ သံဃာတော် အပါးသုံးသောင်းကျော် ကြွရောက်ကြသည်။

“ရောက်ရှိလာတဲ့ ညီတော်နောင်တော် သံဃာတော်တွေအနေနဲ့ မီးလောင်နေတာကို ပုတီးထိုင်စိပ်မနေ ဘဲ။ လောင်နေတဲ့မီးကို ၀ိုင်းဝန်းပြီး ငြှိမ်းရမယ်။ အမျိုး၊ ဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေးဆို တာ ဘာသာအားလုံးနဲ့ ဆိုင်တယ်။ ဘုန်းကြီးတို့တောင် မအားပေမယ့် လာသင့်တယ်ယူဆလို့ ရောက် လာတာပဲ။ သံဃာအင်အားက မကြုံဘူးလောက်အောင် များပြားစွာ တက်ရောက်လာကြတာဟာ သာသ နာအတွက်ရော အမျိုးဘာသာအတွက်ရော ခွန်အားတွေဖြစ်တာကြောင့် ညီညွတ်စေချင်တယ်”ဟု သက် တော် ၈၂ နှစ်ရှိပြီဖြစ်သည့် ဘဒ္ဒန္တကသရဆရာတော်ကြီးက မိန့်ကြားသည်။

ဇန်န၀ါရီ ၁၅ ရက်တွင် ဖွဲ့စည်းလိုက်သည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန် မာပြည်)ကို “သာသန၀ံသပါလ” ဟု အမည်ပေးထားပြီး၊ အချို့သောသူများက အာဏာရှင်စနစ်နှင့်ခေတ် နောက်ပြန်ဆွဲခြင်းဖြစ်သည်ဟု ဝေဖန်ကြသူများလည်းရှိကြောင်း၊ အမျိုးဘာသာ၊ သာသနာ ကာကွယ် စောင့်ရှောက်ရေးအတွက် ဓမ္မစကူးလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ပြီဖြစ်ကြောင်း ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

သီတဂူဆရာတော်က မိန့်ကြားရာတွင် “အဖွဲ့အစည်းတစ်ခုဖွဲ့ရာမှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြည့်ပြီး ဖွဲ့ကြတယ်။ ဖွဲ့ပြီးရင်လည်း ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ အချိုးညီညီ၊ လေးလေးစားစား၊ ညီညွတ်စွာ လုပ်ရမယ်။ ဒါမှ အမျိုးဘာသာသာသနာအတွက် အကျိုးဖြစ်မယ်”ဟု ဆိုသည်။

မျိုးစောင့်ဥပဒေမှာ မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာအမျိုးသမီးများ ထိမ်းမြားခွင့် ဥပ ဒေအရ ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ တက်ရောက်လာသည့် သံဃာတော် အပါးသုံးသောင်းခန့်ကလည်း ထောက်ခံ အတည်ပြုခဲ့ကြသည်။

ရန်ကုန်မြို့ အင်းစိန်ရွာမကျောင်းတိုက်တွင်လည်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ အောက်မြန်မာပြည်မှ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူများ၏ထောက် ခံမှု လက်မှတ်များလည်း ကောက်ခံခဲ့သည်။ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်နှင့် ဒေါ်ခင်ဝိုင်းကြည်တို့ကလည်း လွှတ်တော်တွင် ဆွေးနွေးကြမည်ဟု ပြောကြားခဲ့သည်ဟု သိရ သည်။

Mizzima - News in Burmese

No comments:

Post a Comment