Wednesday 3 December 2014

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ကျောက်တံတားမြို့နယ်တရားရုံးက လူနှစ်ဦး ကျပ်သိန်း ၅၀၀ စီ ဖြင့် အာမခံပေးခဲ့ အာမခံပေးမှုကို တရားလိုဘက်က မကျေနပ်သဖြင့် ခရိုင်ရုံးသို့ ဆက်လက်တင်ပြမည်

Photo: Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား 
ကျောက်တံတားမြို့နယ်တရားရုံးက လူနှစ်ဦး ကျပ်သိန်း ၅၀၀ စီ ဖြင့် အာမခံပေးခဲ့
အာမခံပေးမှုကို တရားလိုဘက်က မကျေနပ်သဖြင့် ခရိုင်ရုံးသို့
ဆက်လက်တင်ပြမည်
Wednesday, December 3, 2014

စာရွက်စာတမ်းအတုပြုလုပ်မှု၊ လိမ် လည်မှုများဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာလ ၂ရက်တွင် ကျန်းမာရေးအခြေအနေ ဆေးစာ မှတ်တမ်းများအရ လူနှစ်ဦး ကျပ် သိန်း ၅၀၀အာမခံသဖြင့် ကျောက်တံတားမြို့ နယ် တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။ 

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာ လ ၂ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဦးကျော်မြင့် တွင် နှလုံးရောဂါခံစားနေရသဖြင့်အာမခံ ပေးရန် ဆေးစာနှင့်တကွ လျှောက်ထားခဲ့ရာ တရားလိုဘက်မှရှေ့နေက ကန့်ကွက်ခဲ့သော်လည်း ကျောက်တံတားမြို့နယ် 
တရားသူကြီးက ဆင်ခြင်တုံဥပဒေဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။
““၄၆၈ က အာမခံပေးလို့ မရဘူး။ ၄၂၀ ကတော့ အာမခံပေးလို့ရတယ်။ အာ မခံပေးလို့မရတဲ့ ၄၆၈ ကို အာမခံပေးဖို့ သက်ဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ အရ အသက် ၁၆နှစ်အောက်ဖြစ်ရင်၊ မကျန်းမာ တဲ့သူဖြစ်ရင်၊ အမျိုးသမီးဖြစ်ရင် အာမခံ ပေးနိုင်တယ်ဆိုပြီး ရှိတယ်။ အဲဒါကြောင့် အန်တီ လျှောက်လဲချက်ပေးလိုက်တာက ဒီလူသည် မျက်မြင်အရလည်း ကျန်းမာ တယ်။ အသက်ကလည်း ၄၄ နှစ်ဆိုတော့ ကျန်းမာသန်စွမ်းတဲ့အရွယ်၊ ဆေးစာက လည်း အခုရောက်ရှိနေတဲ့အကျဉ်းထောင် ထဲက ဆေးစာမဟုတ်ဘူး။ ဒီဆေးစာက ဆရာဝန်ကို စစ်ဆေးပြီးမှသာ ဆေးစာက မှန်မမှန်ကို ပြောလို့ရတယ်။ အမှုအခြေ အနေကလည်း အခုမှ တရားလိုတောင် မစစ်ဆေးရသေးတဲ့ အခြေအနေရှိတယ်။ အခု ကျပ် သိန်း ၅၀၀တန်ခံဝန်နဲ့ အာမခံ ပေးလိုက်တယ်။ ဒီအာမခံနှစ်ယောက်က လည်း တိုက်ခန်းပိုင်ဆိုပြီးတော့ပဲ ပါတယ်။ မြေယာမပါဘူး””ဟု တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောသည်။ 

Father Land ဆောက်လုပ်ရေး ကုမ်္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ရှေ့နေ ဦးလှ မြင့်(ဒဂုံ)က ““ဦးကျော်မြင့် နှလုံးရောဂါ ဖြစ်နေတယ်ဆိုတာကို ပါရဂူတစ်ယောက် က ထောက်ခံချက်ပေးထားတယ်။ သူက လည်း အခုနှလုံးရောဂါကိုဆေးကုနေရ တယ်။ ဒါကြောင့် သူ့ကိုတရားသူကြီးက ဆင်ခြင်တုံတရားအရ အာမခံချက်ပေး လိုက်တယ်။ တကယ်လုပ်ငန်းကြီးကို လုပ် ကိုင်နေတဲ့သူပါ။ နိုင်ငံခြားကလည်း သူ့ကို ဆုတံဆိပ်နှစ်ခုလောက်ပေးထားတာ ရှိ တယ်။ သူ့လုပ်ငန်းက မသိစရာမရှိဘူး။ အထက်ပန်းဆိုးတန်းလမ်းမှာ ၁၈၁-၁၈၇ အဆောက်အအုံနဲ့ပတ်သက်ပြီး လေးခန်း တွဲ ၁၂ ထပ်ဆောက်နေတာ အကုန်ပြီးနေ ပြီ။ အဲဒီမှာမြေပိုင်ရှင်တွေကိုရောပဲ အလိုက် ငွေ ကျပ်သိန်းပေါင်း ၁၃၀၀၀ပေးရတယ်။ အဲဒါလည်း အကုန်ပေးပြီးနေပြီ။ အခုဒီမှာ ကျန်နေတာက ရေတပ်ဆင်ရမယ်။ မီးတပ် ဆင်ရမယ်။ အဲဒါတွေကျန်နေတယ်။ မီးအတွက်ကလည်း Transformer ကို မြေ အောက်မှာ မြှုပ်ရမယ်ဆိုတဲ့ ပြသနာတွေ ရှိနေတော့ နေရာအခက်အခဲ၊ ဌာနဆိုင်ရာတွေရဲ့ အခက်အခဲကြောင့် အချိန်ကြန့်ကြာနေတယ်။ အဲဒါတွေ ကြောင့် မြေပိုင်ရှင်က ရဲစခန်းကိုတိုင်တယ် ပြောတယ်။ ကျွန်တော်တို့မသိဘူး။ ရဲက လည်း ဘာမှလာမပြောဘူး။ ပြီးတော့ သူ့ ကိုတရားခံပြေးဆိုပြီး ဂျာ နယ်တစ်စောင် မှာပါလာမှ သိရတယ်။ ပြီးခဲ့တဲ့လ ၂၄ ရက်မှာ ကျွန်တော်တို့က ဒါနဲ့ ပတ်သက် ပြီး တရားရုံးမှာ သတင်းပို့တယ်။ ရဲစခန်းမှာ သွားအဖမ်းခံတာမဟုတ်ဘူး။ အဲဒီအခါကျတော့မှ တရားခံပြေးဆိုတာ သိရတယ်။ တရားခံပြေးကနေ ကင်းလွတ် ခွင့်ပြုဖို့တင်ပြတယ်။ သူတို့စွဲတာက စာ ရွက်စာတမ်းအတုပြုလုပ်တယ်ဆိုပြီး စွဲ တာ၊ ကျွန်တော်တို့ကလည်း အမှုတွဲက လည်း မသိရသေးဘူး။ ၁၆ ရက်မှာ တရား လိုလာပြီးတော့ အစစ်ခံရင် သူ့ဘက်က ထွက်ဆိုချက်တွေကို ကြည့်ရမယ်။ 

အဲဒီ အခါကျမှ စာရွက်စာတမ်း အတုပြုလုပ် တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။ စည်ပင် ကို စာရွက်စာတမ်းအတုလုပ်ပြီး တင်ပြ တယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၉၅)(ဂ)အရ စည်ပင်ကိုယ်တိုင်က တရားလိုလုပ်ရ မယ်””ဟု ပြောသည်။ 

အဆိုပါအာမခံရရှိခြင်းနှင့် ပတ်သက် ပြီး မကျေနပ်မှုများရှိသဖြင့် တရားရုံးဆိုင် ရာ လုပ်ထုံးလုပ်နည်းများကြောင့် ခရိုင်တရားရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပြီး တရားလို၏ထွက်ဆိုချက်များကို လည်း ယခုလ ၁၆ရက်တွင် စစ်ဆေးသွားရန် ချိန်းဆိုထားသည်ဟု ဆို၏။

Pyimyanmar
စာရွက်စာတမ်းအတုပြုလုပ်မှု၊ လိမ် လည်မှုများဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာလ ၂ရက်တွင် ကျန်းမာရေးအခြေအနေ ဆေးစာ မှတ်တမ်းများအရ လူနှစ်ဦး ကျပ်သိန်း ၅၀၀အာမခံသဖြင့် ကျောက်တံတားမြို့ နယ် တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။ 

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာ လ ၂ ရက်တွင် ကျောက် တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဦးကျော်မြင့် တွင် နှလုံးရောဂါခံစားနေရသဖြင့်အာမခံ ပေးရန် ဆေးစာနှင့်တကွ လျှောက်ထားခဲ့ရာ တရားလိုဘက်မှရှေ့နေက ကန့်ကွက်ခဲ့သော်လည်း ကျောက် တံတားမြို့နယ် တရားသူကြီးက ဆင်ခြင်တုံဥပဒေဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။

““၄၆၈ က အာမခံပေးလို့ မရဘူး။ ၄၂၀ ကတော့ အာမခံပေးလို့ရတယ်။ အာ မခံပေးလို့မရတဲ့ ၄၆၈ ကို အာမခံပေးဖို့ သက်ဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ အရ အသက် ၁၆နှစ်အောက်ဖြစ်ရင်၊ မကျန်းမာ တဲ့သူဖြစ် ရင်၊ အမျိုးသမီးဖြစ်ရင် အာမခံ ပေးနိုင်တယ်ဆိုပြီး ရှိတယ်။ အဲဒါကြောင့် အန်တီ လျှောက်လဲချက်ပေး လိုက်တာက ဒီလူသည် မျက်မြင်အရလည်း ကျန်းမာ တယ်။ အသက်ကလည်း ၄၄ နှစ်ဆိုတော့ ကျန်းမာ သန်စွမ်းတဲ့အရွယ်၊ ဆေးစာက လည်း အခုရောက်ရှိနေတဲ့အကျဉ်းထောင် ထဲက ဆေးစာမဟုတ်ဘူး။ ဒီဆေးစာက ဆရာဝန်ကို စစ်ဆေးပြီးမှသာ ဆေးစာက မှန်မမှန်ကို ပြောလို့ရတယ်။ အမှုအခြေ အနေ ကလည်း အခုမှ တရားလိုတောင် မစစ်ဆေးရသေးတဲ့ အခြေအနေရှိတယ်။ အခု ကျပ် သိန်း ၅၀၀တန် ခံဝန်နဲ့ အာမခံ ပေးလိုက်တယ်။ ဒီအာမခံနှစ်ယောက်က လည်း တိုက်ခန်းပိုင်ဆိုပြီးတော့ပဲ ပါတယ်။ မြေယာမပါဘူး””ဟု တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောသည်။ 

Father Land ဆောက်လုပ်ရေး ကုမ်္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ရှေ့နေ ဦးလှ မြင့်(ဒဂုံ)က ““ဦးကျော်မြင့် နှလုံးရောဂါ ဖြစ်နေတယ်ဆိုတာကို ပါရဂူတစ်ယောက် က ထောက်ခံချက်ပေးထားတယ်။ သူက လည်း အခုနှလုံး ရောဂါကိုဆေးကုနေရ တယ်။ ဒါကြောင့် သူ့ကိုတရားသူကြီးက ဆင်ခြင်တုံတရားအရ အာမခံချက်ပေး လိုက်တယ်။ တကယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေတဲ့သူပါ။ နိုင်ငံခြားကလည်း သူ့ကို ဆုတံဆိပ်နှစ်ခုလောက်ပေးထားတာ ရှိတယ်။ သူ့လုပ်ငန်းက မသိစရာမရှိဘူး။ အထက်ပန်းဆိုးတန်း လမ်းမှာ ၁၈၁-၁၈၇ အဆောက်အအုံနဲ့ပတ်သက်ပြီး လေးခန်း တွဲ ၁၂ ထပ်ဆောက်နေတာ အကုန်ပြီးနေ ပြီ။ အဲဒီမှာမြေပိုင်ရှင်တွေကိုရောပဲ အလိုက် ငွေ ကျပ်သိန်းပေါင်း ၁၃၀၀၀ပေးရတယ်။ အဲဒါလည်း အကုန် ပေးပြီးနေပြီ။ အခုဒီမှာ ကျန်နေတာက ရေတပ်ဆင်ရမယ်။ မီးတပ် ဆင်ရမယ်။ အဲဒါတွေကျန်နေတယ်။ မီးအတွက်ကလည်း Transformer ကို မြေ အောက်မှာ မြှုပ်ရမယ်ဆိုတဲ့ ပြသနာတွေ ရှိနေတော့ နေရာ အခက်အခဲ၊ ဌာနဆိုင်ရာတွေရဲ့ အခက်အခဲကြောင့် အချိန်ကြန့်ကြာနေတယ်။ အဲဒါတွေ ကြောင့် မြေပိုင် ရှင်က ရဲစခန်းကိုတိုင်တယ် ပြောတယ်။ ကျွန်တော်တို့မသိဘူး။ ရဲက လည်း ဘာမှလာမပြောဘူး။ ပြီးတော့ သူ့ ကိုတရားခံပြေးဆိုပြီး ဂျာ နယ်တစ်စောင် မှာပါလာမှ သိရတယ်။ ပြီးခဲ့တဲ့လ ၂၄ ရက်မှာ ကျွန်တော်တို့က ဒါနဲ့ ပတ်သက် ပြီး တရားရုံးမှာ သတင်းပို့တယ်။ ရဲစခန်းမှာ သွားအဖမ်းခံတာမဟုတ်ဘူး။ အဲဒီ အခါကျတော့မှ တရားခံပြေးဆိုတာ သိရတယ်။ တရားခံပြေးကနေ ကင်းလွတ် ခွင့်ပြုဖို့တင်ပြတယ်။ သူတို့ စွဲတာက စာ ရွက်စာတမ်းအတုပြုလုပ်တယ်ဆိုပြီး စွဲ တာ၊ ကျွန်တော်တို့ကလည်း အမှုတွဲက လည်း မသိရ သေးဘူး။ ၁၆ ရက်မှာ တရား လိုလာပြီးတော့ အစစ်ခံရင် သူ့ဘက်က ထွက်ဆိုချက်တွေကို ကြည့်ရမယ်။ 

အဲဒီ အခါကျမှ စာရွက်စာတမ်း အတုပြုလုပ် တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။ စည်ပင် ကို စာရွက်စာတမ်း အတုလုပ်ပြီး တင်ပြ တယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၉၅)(ဂ)အရ စည်ပင်ကိုယ်တိုင်က တရားလိုလုပ်ရ မယ်””ဟု ပြောသည်။ 

အဆိုပါအာမခံရရှိခြင်းနှင့် ပတ်သက်ပြီး မကျေနပ်မှုများရှိသဖြင့် တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကြောင့် ခရိုင်တရားရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပြီး တရားလို၏ထွက်ဆိုချက်များကို လည်း ယခုလ ၁၆ရက်တွင် စစ်ဆေးသွားရန် ချိန်းဆိုထားသည်ဟု ဆို၏။

Pyimyanmar 

No comments:

Post a Comment