Wednesday 3 December 2014

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀တွင် လူသုံးသိန်းကျော်မှာ ကိုယ်ကာယပြန်လည် သန်စွမ်းရေး အကူအညီလိုအပ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျှမ်းမျှအားဖြင့် လူဦးရေ၏ ၀.၅ % ( လူနှစ်ရာတွင်တစ်ဦး ) သည်ခန္ဒာကိုယ် မသန်စွမ်းကြောင်း ခန့်မှန်းထားရာ မြန်မာနိုင်ငံ လူဦးရေသန်းပေါင်း ၆၀ တွင် လူ သုံးသိန်းကျော်သည် ကိုယ်ကာယပြန်လည်သန်စွမ်းရေး အကူအညီလိုအပ်နေသည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။ 

၂၀၁၃ ခုနှစ်တွင်မြန်မာနိုင်ငံတွင် အိုင်စီအာရ်စီအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်များမှ မသန်စွမ်းသူ ၁၇၀၀ ကျော်ကိုအကူအညီပေးနိုင်ခဲ့ပြီး ၄င်းတို့အနက် ၇၆၀ ခန့်မှာ မြေမြှပ်မိုင်းဒဏ် ခံရသူများဖြစ်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင် ရေနံသာအနာကြီး ရောဂါဆေးရုံရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန အနေဖြင့် ခြေတု ( ၂၀၀ ) နီးပါးထောက်ပံ့ပေးခဲ့ရာ ၄င်းတို့အနက် ၃၈ ခုသည် မြေမြှပ်မိုင်းဒဏ် ခံရသူများအတွက် ဖြစ်ကြောင်းသိရသည်။ 

၂၀၁၄ ပထမနှစ်ဝက်တွင် အိုင်စီအာရ်စီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော ကိုယ်ကာယ ပြန်လည် သန်စွမ်းရေး ဌာနများက လူနာ ၁၂၅၀ ဦးကို အကူအညီပေးနိုင်ခဲ့ပြီး ၄င်းတို့အနက် ၄၇ % သည်မြေမြှပ် မှိုင်း ဒဏ် ခံရသူများဖြစ်ကြောင်း ၊ ၂၀၁၄ ဇူလိုင်လမှ အောက်တိုဘာလကုန်အထိ လူနာ ( ၁၃၇၅ ) ဦးကိုပံ့ပိုးပေးနိုင်ခဲ့ပြီး ၄င်းတို့မှ ၅၃ %သည် မြေမြှပ်မိုင်းဒဏ်ခံရသူများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည့် အကူအညီလိုအပ်နေသော မသန်စွမ်းဦးရေကို ကြည့်လျှင် မြန်မာနိုင်ငံတွင် အရိုးနှင့်ခြေတုပညာရှင် များစွာ လိုအပ်လျက်ရှိကြောင်း၊ အရိုးနှင့် ခြေတုပညာရှင် တစ်ဦးဖြစ်လာစေရန် နိုင်ငံခြားတက္ကသိုလ်များတွင် ၃ နှစ်ကြာသင်ကြားပေးရပြီး မြန်မာနိုင်ငံရှိ ဆေးဘက် ပညာသည်များမွေးထုတ်ပေးလျက်ရှိသော တက္ကသိုလ်တွင် အရိုးနှင့် ခြေတုပညာရပ် လေးနှစ်သင်တန်းကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ရာ အကြောအဆစ်ကုထုံးပညာရှင်များ၊ ဓါတ်ခွဲခန်းပညာရှင်များ၊ ဓါတ်မှန် ပညာရှင်များနှင့် အရိုးနှင့်ခြေတုပညာရှင်များ အပါအ၀င် ဆေးဘက်ဆိုင်ရာပညာရှင်များအား ပထမနှစ် သင်ရိုးတွင် ယင်းဘာသာရပ်ကိုစတင် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

The Street View 

No comments:

Post a Comment