Wednesday 3 December 2014

တစ်ရက် ကျပ် သုံးထောင်ရမည့် ယာဉ်စည်းကမ်း ကြီးကြပ်ရေးမှူး အလုပ်ကို ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်

Photo: တစ်ရက် ကျပ် သုံးထောင်ရမည့် ယာဉ်စည်းကမ်း ကြီးကြပ်ရေးမှူး အလုပ်ကို
ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်
Wednesday, December 3, 2014

တစ်ရက်လျှင် ငွေကျပ်သုံးထောင် နှုန်းရရှိမည့် ယာဉ်စည်းကမ်းကြီးကြပ် ရေးမှူးအလုပ်ကို ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။

လက်ရှိတွင် မြို့တွင်းခြောက် မြို့ နယ်၌ ခရီးသည်တင်ဘတ်စ်ကား များသာ သီးသန့်မောင်းနှင်ခွင့်ပြုမည့် ယာဉ်လမ်းကြောစနစ်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်ကာ အကောင်အထည် ဖော်ခဲ့ပြီး လက်ယာဘက်ယာဉ်လမ်း ကြောတွင်ဘလောက်တုံးများ ထားရှိခဲ့ ခြင်းဖြစ်သည်။
အထက်ပါ ယာဉ်စည်းကမ်းကြီး ကြပ်ရေးမှူးများမှာ အဆိုပါသီးသန့် ယာဉ်လမ်းကြောများတွင် ခရီးသည်တင် ဘတ်စ်ကားများ စည်းကမ်းလိုက်နာ မှုရှိ/မရှိ စောင့်ကြပ်စစ်ဆေးရန်နှင့် ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေ ရန် ယာဉ်ထိန်းရဲများနှင့် ပူးပေါင်း လုပ်ကိုင်ကြရမည်ဟု အမှတ် ၆ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူးသန်းမြင့်က ပြောသည်။

အဆိုပါကြီးကြပ်သူများမှာ ယာဉ် ထိန်းရဲတပ်ဖွဲ့အတွင်းမှ ဒုရဲမှူးအဆင့်ရှိ သည့် တပ်ဖွဲ့စုမှူးတာဝန်ခံများနှင့်အ တူ ပူးပေါင်းကာ စည်းကမ်းထိန်းသိမ်းကြရမည်ဖြစ်ပြီး တာဝန်ချိန်အတွင်း လက် ပတ်အနီများတပ်ဆင်ကာ ဆောင်ရွက် ရမည်ဖြစ်သည်ဟု သိရသည်။
''ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းလုပ်လိုသူတွေအနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ ဧရိယာတွေထဲက တပ်ဖွဲ့စုမှူးတာဝန်ခံတွေနဲ့ တွေ့ပြီး နာ မည်စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်'' ဟု ရဲမှူးသန်းမြင့်က ပြောသည်။
ယခင်က ပင်စင်စားဝန်ထမ်း ဟောင်းများသာ လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်စည်းကမ်းထိန်းသိမ်း ပေးလိုသည့် မည်သူမဆိုလာရောက် လျှောက်ထားနိုင်ပြီး နေ့စားလုပ်အားခ သုံးထောင်ကျပ် ပေးသွားမည်ဖြစ်ခြင်း ကြောင့် လုပ်ကိုင်မည့်ဝန်ထမ်းများအ တွက်လည်း အဆင်ပြေနိုင်သည့် အနေ အထားရှိသည်ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အတွင်းရေး မှူးက ဆိုသည်။

စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်း များမှာ တာဝန်အလိုက်အလုပ်ခွဲ ဇယား အတိုင်း အမည်နှင့်တကွ တာဝန်ယူလုပ် ကိုင်ကြရမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ မှုအများဆုံးဖြစ်ပွားသည့် နေရာများတွင် ဝန်ထမ်းဦးရေ တိုးမြှင့်ချထား၍ စည်းကမ်းထိန်းသိမ်းမှုပြုလုပ်မည်ဟု သိရ သည်။

Popular Myanmar News Journal
တစ်ရက်လျှင် ငွေကျပ်သုံးထောင် နှုန်းရရှိမည့် ယာဉ်စည်းကမ်းကြီးကြပ် ရေးမှူးအလုပ်ကို ပင်စင်စား ဝန်ထမ်းဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။

လက်ရှိတွင် မြို့တွင်းခြောက် မြို့ နယ်၌ ခရီးသည်တင်ဘတ်စ်ကား များသာ သီးသန့်မောင်းနှင်ခွင့်ပြုမည့် ယာဉ်လမ်းကြောစနစ်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်ကာ အကောင်အထည် ဖော်ခဲ့ပြီး လက်ယာဘက် ယာဉ်လမ်း ကြောတွင်ဘလောက်တုံးများ ထားရှိခဲ့ ခြင်းဖြစ်သည်။ 

အထက်ပါ ယာဉ်စည်းကမ်းကြီး ကြပ်ရေးမှူးများမှာ အဆိုပါသီးသန့် ယာဉ်လမ်းကြောများတွင် ခရီးသည်တင် ဘတ်စ်ကားများ စည်းကမ်းလိုက်နာ မှုရှိ/မရှိ စောင့်ကြပ်စစ်ဆေးရန်နှင့် ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွား စေ ရန် ယာဉ်ထိန်းရဲများနှင့် ပူးပေါင်း လုပ်ကိုင်ကြရမည်ဟု အမှတ် ၆ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူးသန်းမြင့်က ပြောသည်။

အဆိုပါကြီးကြပ်သူများမှာ ယာဉ် ထိန်းရဲတပ်ဖွဲ့အတွင်းမှ ဒုရဲမှူးအဆင့်ရှိ သည့် တပ်ဖွဲ့စုမှူးတာဝန်ခံ များနှင့်အ တူ ပူးပေါင်းကာ စည်းကမ်းထိန်းသိမ်းကြရမည်ဖြစ်ပြီး တာဝန်ချိန်အတွင်း လက် ပတ်အနီများ တပ်ဆင်ကာ ဆောင်ရွက် ရမည်ဖြစ်သည်ဟု သိရသည်။

''ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းလုပ်လိုသူတွေအနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ ဧရိယာတွေ ထဲက တပ်ဖွဲ့စုမှူးတာဝန်ခံတွေနဲ့ တွေ့ပြီး နာ မည်စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်'' ဟု ရဲမှူးသန်းမြင့်က ပြောသည်။ 

ယခင်က ပင်စင်စားဝန်ထမ်း ဟောင်းများသာ လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်စည်းကမ်း ထိန်း သိမ်း ပေးလိုသည့် မည်သူမဆိုလာရောက် လျှောက်ထားနိုင်ပြီး နေ့စားလုပ်အားခ သုံးထောင်ကျပ် ပေးသွား မည်ဖြစ်ခြင်း ကြောင့် လုပ်ကိုင်မည့်ဝန်ထမ်းများအ တွက်လည်း အဆင်ပြေနိုင်သည့် အနေ အထား ရှိသည်ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အတွင်းရေး မှူးက ဆိုသည်။

စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်း များမှာ တာဝန်အလိုက်အလုပ်ခွဲ ဇယားအတိုင်း အမည်နှင့်တကွ တာဝန် ယူလုပ် ကိုင်ကြရမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ မှုအများဆုံးဖြစ်ပွားသည့် နေရာများတွင် ဝန်ထမ်း ဦးရေ တိုးမြှင့်ချထား၍ စည်းကမ်းထိန်းသိမ်းမှုပြုလုပ်မည်ဟု သိရ သည်။

Popular Myanmar News Journal 

No comments:

Post a Comment