Wednesday 3 December 2014

စပိန်အစွန်းရောက်ဘောလုံးပရိသတ်ကြား ရန်ပွဲများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင် ရှုတ်ချ

Photo: စပိန်အစွန်းရောက်ဘောလုံးပရိသတ်ကြား ရန်ပွဲများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင် ရှုတ်ချ
Wednesday, December 3, 2014

စပိန်နိုင်ငံက အစွန်းရောက်ဘောလုံးပရိသတ်တွေကြားက ရန်ပွဲတွေကို စပိန်အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင်က ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က လာလစ်ဂါနဲ့ အက်တလက်တီကို မက်ဒရစ် ဘောလုံးအသင်းတို့ ပွဲစဉ်မတိုင်မီ ဒါဇင်နဲ့ ချီတဲ့ အစွန်းရောက်ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ဒီပေါ်တီဗို လာကိုရူနာအသင်းကို အားပေးသူတယောက် သေဆုံးခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ဘောလုံးဝါသနာအိုး ဂျင်မီ လို့ခေါ်တဲ့ ရိုမေရို တာဘိုအာဒါ ကို အက်တလက်တီကိုမြို့ရဲ့ ကယ်လ်ဒေရွန် အားကစားကွင်းနားက အေးခဲနေတဲ့ မန်ဇာနာရဲ့စ် မြစ်ထဲကနေ ဆွဲထုတ်ခဲ့ရပြီး ခေါင်းဒဏ်ရာနဲ့ နှလုံးထိခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ဆိုပါတယ်။

လုံခြုံရေးဝန်ကြီး ဖရန်စစ်ကို  မာတီနဲဇ်ကတော့ ဒီဘောလုံးပွဲမှာ ရဲလုံခြုံရေး ချထားမှု အားနည်းတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ဒီ ၂ သင်းကို အားပေးတဲ့ ပရိသတ်တွေကြားက ရန်ပွဲတွေကို မှတ်တမ်းတင်ထားတာ မရှိဘူး။ ဒီပွဲလောက် အန္တရာယ်များတဲ့ဘောလုံးပွဲလို့ ပြောရမယ့် မှတ်တမ်း အရင်ကတော့ မရှိခဲ့ဖူးဘူးလို့ သူက ဆက်ပြောပါတယ်။ ယူကျုနဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ် ရောက်လာတဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ မီးပန်းတွေ၊ ခုံတွေနဲ့ တုတ်တွေ ကိုင်ထားတဲ့ ဝတ်စုံနက် ၀တ်ထားသူ တွေက တယောက်ကို တယောက် ရိုက်နှက်ပစ်ခတ် ဆဲရေးစော်ကားနေတာတွေကို ပြသ ထားပါတယ်။ ဂျင်မီကိုတော့ နံရံကို ကျော်ပြီး မြစ်ထဲ ပစ်ချခဲ့တာပါ။ တခြားလူ ၁၁ ယောက်ကို ဒဏ်ရာတွေ ကုသပေးခဲ့ရပါတယ်။

အခင်းဖြစ်ရာမှာ တွေ့ရတဲ့ သံတုတ်တွေဟာ သူတို့အချင်းချင်း ရန်ဖြစ်ကြဖို့ သဘောတူ ထားပုံပဲ လို့လဲ ပြောပါတယ်။

စပိန်အစိုးရရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကော်မရှင်ဟာ အားကစားပွဲစဉ်တွေအတွင်း အကြမ်းဖက်မှုတွေကို ကန့်သတ်ရေး လုပ်ဆောင်ချက်တွေကို ဆွေးနွေးဖို့ လာမဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အစည်းအဝေး ထပ်လုပ်ဖို့ ရှိနေပါတယ်။

 ဒီဗွီဘီ
စပိန်နိုင်ငံက အစွန်းရောက်ဘောလုံးပရိသတ်တွေကြားက ရန်ပွဲတွေကို စပိန်အစိုးရရဲ့ အကြမ်းဖက်မှု တိုက် ဖျက်ရေး ကော်မရှင်က ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က လာလစ်ဂါနဲ့ အက်တလက်တီကို မက်ဒရစ် ဘောလုံးအသင်းတို့ ပွဲစဉ် မတိုင်မီ ဒါဇင်နဲ့ ချီတဲ့ အစွန်းရောက်ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ဒီပေါ်တီဗို လာကိုရူနာအသင်း ကို အားပေးသူတယောက် သေဆုံးခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ဘောလုံးဝါသနာအိုး ဂျင်မီ လို့ခေါ်တဲ့ ရိုမေရို တာဘိုအာဒါ ကို အက်တလက် တီကိုမြို့ရဲ့ ကယ်လ်ဒေရွန် အားကစားကွင်းနားက အေးခဲနေတဲ့ မန်ဇာနာရဲ့စ် မြစ်ထဲကနေ ဆွဲထုတ်ခဲ့ရပြီး ခေါင်းဒဏ်ရာနဲ့ နှလုံးထိခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ဆိုပါတယ်။

လုံခြုံရေးဝန်ကြီး ဖရန်စစ်ကို  မာတီနဲဇ်ကတော့ ဒီဘောလုံးပွဲမှာ ရဲလုံခြုံရေး ချထားမှု အားနည်းတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ဒီ ၂ သင်းကို အားပေးတဲ့ ပရိသတ်တွေကြားက ရန်ပွဲတွေကို မှတ်တမ်းတင် ထားတာ မရှိဘူး။ ဒီပွဲလောက် အန္တရာယ်များတဲ့ဘောလုံးပွဲလို့ ပြောရမယ့် မှတ်တမ်း အရင်ကတော့ မရှိခဲ့ ဖူးဘူးလို့ သူက ဆက်ပြောပါတယ်။ ယူကျုနဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ် ရောက်လာတဲ့ ရုပ်သံမှတ်တမ်း ထဲမှာတော့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ မီးပန်းတွေ၊ ခုံတွေနဲ့ တုတ်တွေ ကိုင်ထားတဲ့ ဝတ်စုံနက် ၀တ်ထားသူ တွေက တယောက်ကို တယောက် ရိုက်နှက်ပစ်ခတ် ဆဲရေးစော်ကား နေတာ တွေကို ပြသ ထားပါတယ်။ ဂျင်မီကိုတော့ နံရံကို ကျော်ပြီး မြစ်ထဲ ပစ်ချခဲ့တာပါ။ တခြားလူ ၁၁ ယောက်ကို ဒဏ်ရာတွေ ကုသပေးခဲ့ရပါတယ်။

အခင်းဖြစ်ရာမှာ တွေ့ရတဲ့ သံတုတ်တွေဟာ သူတို့အချင်းချင်း ရန်ဖြစ်ကြဖို့ သဘောတူ ထားပုံပဲ လို့လဲ ပြောပါ တယ်။

စပိန်အစိုးရရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကော်မရှင်ဟာ အားကစားပွဲစဉ်တွေအတွင်း အကြမ်းဖက်မှုတွေကို ကန့်သတ်ရေး လုပ်ဆောင်ချက်တွေကို ဆွေးနွေးဖို့ လာမဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အစည်းအဝေး ထပ်လုပ်ဖို့ ရှိနေပါတယ်။

 ဒီဗွီဘီ 

No comments:

Post a Comment